“မြန်မာအမျိုးသမီးဘောလုံး အကယ်ဒမီကျောင်း ဖွင့်လှစ်ရန် ဆောင်ရွက်နေ”

(အားကစား) သြဂုတ် ၃၀

အမျိုးသမီးဘောလုံးလောက ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အမျိုးသမီးဘောလုံးအကယ်ဒမီ တည်ဆောက်ရေး လုပ်ငန်းများနဲ့ ဖွင့်လှစ်ရန်ပြင်ဆင်ထားရှိမှုများကို ဩဂုတ်လ ၂၈ ရက်က ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် ယူ-၁၅ အမျိုးသမီးပြိုင်ပွဲကို တောင်ကြီး၊ မန္တလေး၊ ရန်ကုန်စတဲ့ ဇုန် ၃ ခုမှာ ကျင်းပရေးဆောင်ရွက် နေမှုများနှင့် နိုင်ငံတကာပြိုင်ပွဲများ၌ သွားရောက်တာဝန်ထမ်းဆောင်ခြင်းနှင့် ပရိုလိုင်စင်ရရှိရေးဆောင်ရွက်ချက်များ ကို ထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

မြန်မာအမျိုးသမီးလိဂ်နှင့် ပြိုင်ပွဲများ စီစဉ်ဆောင်ရွက်နေမှု၊ ကစားသမား၊ နည်းပြနှင့် ဒိုင်များ ဖွံ့ဖြိုးရေး ဆောင်ရွက်မှု၊ အမျိုးသမီး လက်ရွေးစင်အသင်းများ၏ နိုင်ငံတကာပြိုင်ပွဲများ ပြင်ဆင်ထားရှိမှု၊ ဖူဆယ်အမျိုးသမီး ပြိုင်ပွဲများနှင့် လက်ရွေးစင်အသင်းများ ပြင်ဆင်ထားရှိမှုတို့ကို သက်ဆိုင်ရာနယ်ပယ်များအလိုက် ဆွေးနွေးခဲ့ကြပါတယ်။

#PAN