မန္တလေးမှ ရန်ကုန်သို ထွက်ခွာလာသည့် အမှတ် (၁၂) အစုန် လူစီးအမြန်ရထားပေါ်မှ WY စာတန်းပါ စိတ်ကြွမူးယစ်ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော် ဩဂုတ် ၃၀

မန္တလေးမှရန်ကုန်သိုထွက်ခွာလာသည့် အမှတ် (၁၂) အစုန် လူစီး အမြန် ရထားပေါ်မှ WY စာတန်းပါ စိတ်ကြွမူးယစ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဩဂုတ် ၂၇ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၅၀ တွင် မန္တလေးမှ ရန်ကုန်သို ထွက်ခွာလာ သည့် အမှတ်(၁၂) အစုန် လူစီး အမြန်ရထားသည် ပျဉ်းမနားနှင့် ပြည်ဝင်ဘူတာအကြားရောက်ရှိစဉ် ရထား၏အထက်တန်းတွဲ (၁) ၊ ခုံအမှတ် A-3, A-4 ၏ အပေါ်ဘက် ပစ္စည်းတင်စင်နှင့် ထိုင်ခုံ၏ရှေ့တိုတွင် ကျောပိုးအိတ်နှစ်လုံးနှင့် မြွေရေခွံအိတ်များ ထည့်ထားသည့်ခြင်း နှစ်လုံးတိုကို ပိုင်ရှင်မဲ့တွေ့ရှိရသဖြင့် မသင်္ကာ၍ ရထားလုံခြုံရေးရဲတပ်ဖွဲနှင့် မြန်မာ့မီးရထား တာဝန်ရှိသူများက စစ်ဆေးခဲ့ရာ WY စာတန်းပါ စိတ်ကြွမူးယစ် ဆေးပြားများထည့်ထားသည့် ပလတ်စတစ်အထုပ်ကြီး ၅၀ ကို တွေ့ရှိခဲ့ပြီး အထုပ်ကြီးတစ်ထုပ်အတွင်း၌ အထုပ်ငယ်ငါးထုပ်ပါရှိကာ အထုပ်ငယ်တစ်ထုပ်အတွင်း ဆေးပြား ၇၅၀၀ ခန့်ပါရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

စစ်ဆေးတွေ့ရှိချက်အရ WY စာတန်းပါ စိတ်ကြွမူးယစ်ဆေးပြားစုစုပေါင်း ၄၆၁၉၄၅ ပြား၊ အလေးချိန် ၃၆ ဒသမ ၉၆ ကီလို ဂရမ်စုစုပေါင်း တန်ဖိုးငွေကျပ် သိန်းကိုးထောင် ကျော်ခန့်ဖြစ်ပြီး အမှတ် (၁၂) အစုန် လူစီးအမြန် ရထား၏ ထိုင်ခုံဇယားအား စိစစ်ရာအဆိုပါ ခုံအမှတ်၊ A-3, A-4 တိုတွင် သာစည်-ရန်ကုန် ခရီးစဉ်အဖြစ်သန်းဇော်ဦး၊ နိုင်ငံသားစိစစ်ရေးအမှတ် ၈/စလန(နိုင်)၁၃၉၈၁၇ နှင့် စိုင်းသက်အောင်၊ နိုင်ငံသားစိစစ်ရေးအမှတ် ၁၃/တကန(နိုင်) ၃၂၁၆၉၆ တိုက ဝယ်ယူထား ကြောင်း သိရှိရသဖြင့် ပိုင်ရှင်အားဆက်လက် စုံစမ်းစစ်ဆေးလျက်ရှိပါကြောင်းနှင့် အမှုအမှတ် (ပ) ၂၀/၂၀၂၄၊ မူးယစ်ဆေးဝါးနှင့်စိတ် ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေပုဒ်မ၁၉(က)၊ ၂၀ (က) ဖြင့် ပျဉ်းမနားမြိုမရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#PAN