ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့တွင် ဆီဘောက်ဆာကားနောက်တွဲပြုတ်ကာ အခြားယာဉ်အားတိုက်မိခဲ့

(မှုခင်း) သြဂုတ် ၃၀

ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးမြို့နယ် ဘုရားကြီးမြို့လမ်းဆုံတွင် ဩဂုတ်လ(၃၀)ရက်နေ့ နေ့လည်ပိုင်းအချိန်တွင် ဆီဘောက်ဆာကားနောက်တဲဲပုတ်ကာ အခြားယာဥ်အားတိုက်မိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပဲခူးဘက်မှ ယာဥ်မောင်း စိုင်းကိုကိုအောင် (၃၃)နှစ်၊ ထားဝယ်မြို့နေသူမောင်းနှင်ပြီး ယာဥ်နောက်လိုက် ကျော်စိုးလှိုင်(၃၂)နှစ်၊ ထားဝယ်မြို့နေသူလိုက်ပါလာသည့် YGN -6 3S/4350 နံပါတ်ဆင်ထားသော နောက်တွဲ ဆီဘောက်ဆာယာဥ်သည် ဘုရားကြီးလမ်းဆုံတွင် ဝေါမြို့ဘက်သို့ ချိုးကွေ့မောင်းနှင်စဥ် နောက်တွဲယာဥ်မှာ ဦးခေါင်းပိုင်းနှင့်ချိတ်ဆက်ထားသော ချိတ်မှာ ပြုတ်ထွက်ပြီး ဝေါမြို့ဘက်မှ ယာဥ်မောင်း နန်းဝင်း(၃၇)နှစ်၊ ပျော်ဘွယ်မြို့နေသူမောင်းနှင်ပြီး ယာဥ် နောက်လိုက် ဇော်နိုင်ဦး(၃၇)နှစ် ပျော်ဘွယ်မြို့နေသူ လိုက်ပါလာသော MDY-15 5K/6736 နံပါတ်တပ် ၆ဘီးမော်တော်ယာဥ်၏ ဝဲဘက်ဦးခေါင်းတံခါးအား ဝင်ရောက်တိုက်မိခဲ့ပြီး ဖြစ်စဥ်ကြောင့် လူထိခိုက်ဒဏ်ရာရမှုမရှိခဲ့ကြောင်းသိရသည်။

ဖြစ်စဥ်ကြောင့် ဝေါလမ်းတွင် ယာဥ်ပိတ်ဆို့မှုဖြစ်ပေါ်နေပြီး ဆီဘောက်ဆာမှာ ဆီအပြည့်ဖြစ်နေသောကြောင့် အမြန်ဆုံးဖယ်ရှားနိုင်ရေး ဘုရာကြီးမြို့၊မြို့အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲများနှင့် မီးသတ်တပ်ဖွဲ့များ ပူးပေါင်းကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်းသိရသည်။

#PAN