ပိုလီယိုကာကွယ်ဆေးထိုးနှံရန် ဂါဇာတွင် အစ္စရေးမှ ထိုးစစ်ခေတ္တရပ်ပေး

(နိုင်ငံတကာ) ဩဂုတ် ၃၀

ဂါဇာကမ်းမြောင်ဒေသတွင် ပိုလီယိုရောဂါကာကွယ်ဆေးထိုးနှံရန် အစ္စရေးမှ ထိုးစစ်ခေတ္တရပ်ဆိုင်းထားကြောင်း WHO မှ ထုတ်ပြန်ထားသည်။WHO ၏ အဆိုပါ လှုပ်ရှားမှုတွင် ကလေးငယ်ပေါင်း ၆၄၀၀၀၀ ခန့်အား ပိုလီယိုရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ လာမည့် တနင်္ဂနွေနေ့တွင် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း WHO အကြီးတန်းအရာရှိ Rik Peeperkorn ကဆိုသည်။အစ္စရေးသည် ဂါဇာကမ်းမြောင်ဒေသထိုးစစ်ရပ်တန့်မှုအား နေရာအလိုက် ခွဲခြမ်းကာ တစ်နေရာတွင် ဒေသစံတော်ချိန် နံနက် ၆ နာရီမှ ညနေ ၃ နာရီအထိ တိုက်ပွဲများ ရပ်တန့်ထားမည်ဟုသိရသည်။အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက သုံးရက်ကြာ အပစ်အခက် ရပ်နားထားမှုသည် အပစ်အခတ်ရပ်စဲရေးမဟုတ်ကြောင်း ပြောကြားခဲ့သည်။

#PAN