ထိုင်းနိုင်ငံ လှိုင်ခေါင်းပြိုကျမှုတွင် ပိတ်မိနေသည့် လုပ်သားများသေဆုံးလျက်တွေ့ရှိ

(နိုင်ငံတကာ) ဩဂုတ် ၃၀

ထိုင်းနိုင်ငံရှိ လှိုင်ခေါင်းအတွင်း ပိတ်မိနေသည့် လုပ်သားအချို့ သေဆုံးလျက်တွေ့ရှိခဲ့ကြောင်းသိရသည်။ဥမင်လှိုင်ခေါင်း ပြိုကျမှုတွင် ၅ ရက်ကြာ ပိတ်မိနေသည့် မြန်မာနိုင်ငံသားတစ်ဦးနှင့် တရုတ်နိုင်ငံသား ၂ ဦးတို့အား ထိုင်းအစိုးရမှ ကယ်ဆယ်ရန်ကြိုးစားခဲ့သော်လည်း သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း သိရသည်။သေဆုံးသူများအား ပြိုကျသည်လှိုင်ခေါင်းအစိတ်အပိုင်းနှင့် ၂၅ မီတာအကွာတွင် တွေ့ရှိခဲ့ကြောင်းသိရသည်။မြန်မာနိုင်ငံသား ယာဉ်မောင်း၏ ရုပ်အလောင်းအား မြေကြီးနှင့် ကျောက်တုံးများ ပိလျက် သေဆုံးနေကြောင်း တွေ့ရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး လုပ်ငန်းများ ပြုလုပ်လျက်ရှိပြီး ဥမင်လှိုင်ခေါင်းဆောက်လုပ်ရေးလုပ်ငန်းများ ခေတ္တရပ်နားထားကြောင်းသိရသည်။

#PAN