တရုတ်သမ္မတ ရှီကျင့်ဖျင် က အမေရိကန်အမျိုးသား လုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်နှင့် တွေ့ဆုံ


(နိုင်ငံတကာ) ဩဂုတ် ၃၀

တရုတ်သမ္မတရှီကျင့်ဖျင် က အမေရိကန်အမျိုးသား လုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန် ကို ဩဂုတ်လ ၂၉ ရက်တွင် လက်ခံတွေ့ဆုံ၍ ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာ၌ ယနေ့ပြောင်းလဲမှု များနှင့် ပဋိပက္ခများဖြစ်နေသော ကမ္ဘာကြီးတွင် နိုင်ငံများသည် ခွဲခြားပြီး ထိပ်တိုက်ရင်ဆိုင်မှုများ လုပ်ရမည်မဟုတ် ဘဲ ပေါင်းစည်းညီညွတ်မှုရှိရမည်ဖြစ်ကြောင်း ရှီကျင့်ဖျင် က အလေးပေးပြောသည်။

အလားတူ တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် ကမ္ဘာကြီးနှင့်ကမ္ဘာ့ပြည်သူများ၏သမိုင်းကောင်းအတွက် တာဝန်ရှိကြောင်း၊ ငြိမ်းချမ်းရေး ကို တည်ငြိမ်မှုနှင့် ဖွံဖြိုးတိုးတက်မှု တွန်းအားတစ်ခုအဖြစ် တည်ရှိရမည်ဖြစ်ကြောင်း ရှီကျင့်ဖျင် က ဆက်ပြောသည်။

ဂျိတ်ဆူလီဗန်ကလည်း အမေရိကန်အနေဖြင့် စစ်အေးကာလအသစ်တစ်ခုကို ဖန်တီးနေခြင်းမရှိကြောင်း၊ တရုတ်နိုင်ငံ၏စနစ်ကို ပြောင်းလဲရန် ကြိုးပမ်းနေခြင်းမရှိ ကြောင်း၊ အမေရိကန် မဟာမိတ်များ၏ပြန်လည်နိုးကြား ထကြွမှုသည် တရုတ် ကို ဆန့်ကျင်ရန် မဟုတ်ကြောင်းနှင့် ထိုင်ဝမ်ကျွန်း၏ လွတ်လပ်ရေးကို ထောက်ပံ့ပေးခြင်း မရှိကြောင်း ပြောထားသည်ဟု ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။

Telegram»…
https://t.me/positiveanglenews

PAN

#SZ