အာဇာနည်နေ့အကြိုသံချပ်မှာပါဝင်တဲ့ ၇ တန်းကျောင်းသားကို PDF မှ သတ်ဖြတ်


(ပြည်တွင်း) ဩဂုတ် ၂၉

အာဇာနည်နေ့အကြိုအဖြစ် “လမ်းဖြောင့်ဖြောင့်သွား” ဆိုသော သံချုပ်ကိုရိုက်ကူးခဲ့သည့် ၇ တန်းကျောင်းသားကို လုံခြုံရေးဆောင်ရွက်ပေးသည့် PDF တစ်ဦးမှ အသင့်ပါလာသည့် သေနတ်ဖြင့် နှုတ်ပိတ် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်ခန့်တွင် သံချပ်အဖွဲ့တွင်ပါဝင်သော ဒီပဲယင်းမြို့နယ် ညောင်လှစံပြကျေးရွာတွင်နေထိုင်သည့် ဦးမြင့်လှိုင်၏ သားဖြစ်သူ ၇ တန်းကျောင်းသား ပြည့်ဖြိုးမောင် အသက် (၁၄) နှစ်ဆိုသူအား လုံခြုံရေးဆောင်ရွက်ပေးသည့် PDF တစ်ဦးမှ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သံချပ်ရိုက်ကူးရေးလုပ်ဆောင်နေသည့် ပြည့်ဖြိုးမောင်ဆိုသူမှာ ရိုက်ကူးမှုများအပြီးတွင် ဝဲကြီးမြောက် ဘုန်းကြီးကျောင်းဝင်းအတွင်းသို့သေးပေါက်သွားရာ လုံခြုံရေးတာဝန်ယူပေးနေသည့် ညောင်လှဝေးတန်းနေ ဦးသိန်းဇော်ဝင်း၏သား အကြမ်းဖက် PDF ရဲထွဋ်ဝင်း(ပလဖ) ဆိုသူမှာ နောက်မှလိုက်လာပြီး အသင့်ယူဆောင်လာသည့် ပစ္စတိုဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ PDF ၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဘယ်မျက်လုံးအောက်စွန်းမှ ကျည်ဖောက်ဝင်ဒဏ်ရာရရှိကာသေဆုံးသွားပြီး သေဆုံးသူ၏ ရုပ်အလောင်းအား အကြမ်းဖက် PDF ရဲထွဋ်ဝင်း(ပလဖ) ဆိုသူနှင့်အဖွဲ့မှ မီးရှို့ဖျောက်ဖျက်လိုက်ကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMT #SZ