အစ္စရေး၏ စစ်ဆင်ရေးတွင် အရပ်သားများအား ကာကွယ်ရန် အမေရိကန် သတိပေး


(နိုင်ငံတကာ) ဩဂုတ် ၂၉

အစ္စရေးစစ်တပ်၏ ပါလက်စတိုင်း အနောက်ခြမ်းစစ်ဆင်ရေးတွင် အရပ်သားများအား ကာကွယ်ရန် အမေရိကန်က သတိပေးတိုက်တွန်းလိုက်ကြောင်းသိရသည်။

အစ္စေရေးစစ်တပ်အနေဖြင့် “အရပ်သားများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန် ဖြစ်နိုင်ခြေရှိသော အစီအမံအားလုံးဆောင်ရွက်ရန်” ဟု အမေရိကန်က သတိပေးလိုက်သည်။

ပါလက်စတိုင်း၏ အနောက်ဘက်ခြမ်းဒေသများတွင် တည်ငြိမ်အေးချမ်းမှုအား ဆက်လက်ထိန်းသိမ်းထားရန် အမေရိကန်က တောင်ဆိုသော်လည်း အစ္စရေးစစ်တပ်မှ ရှင်းလင်းဖယ်ရှားရေးလုပ်ငန်းစဉ်များ အင်တိုက်အားတိုက် ဆက်လက်လုပ်ဆောင်နေသည်။

အမေရိကန်အစိုးရအနေဖြင့် လူအခွင့်အရေးအသုံးအနှုန်းအား မကြာခဏသုံးစွဲသော်လည်း ပြည်သူလူထုထိခိုက်သေဆုံးမှုမြင့်တက်နေသည့် အစ္စရေး၏ စစ်ဆင်ရေးများအား အသိအမှတ်ပြုထောက်ခံကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

ယခုပြုလုပ်နေသည့် စစ်ဆင်ရေးတွင် အရပ်သားများ သေဆုံးမှုရှိနေပြီး ဆေးကုသမှုခံယူနေသူများနှင့် စစ်ဘေးရှောင် ပါလက်စတိုင်းဒေသခံများအား ဖယ်ရှားခြင်းများလည်းရှိကြောင်းသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMK #SZ