လူဦးရေသန်းခေါင်စာရင်းစတင်ကောက်ယူတော့မည်


(ပြည်တွင်း) ဩဂုတ် ၂၉

၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်း ကောက်ယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

သန်းခေါင်စာရင်းရည်ညွှန်းချိန်ကို အောက်တိုဘာလ ၃၀ ရက် ညသန်း ခေါင်ယံအထိ သတ်မှတ်ထားပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စာရင်းကောက်ကွက်ပေါင်း တစ်သိန်းတစ်သောင်းခန့် ကို စာရင်းစစ်၊ စာရင်းကောက် လေးသောင်းနှစ်ထောင်ခန့်ဖြင့် ကောက်ယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

သန်းခေါင်စာရင်း ကောက်ယူရာမှာ Mobile Tablet များအသုံးပြုကာ တစ်အိမ်တက်ဆင်း ကောက်ယူမှာဖြစ်ပြီး ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို အိမ်ထောင်စုမေးခွန်းပုံစံအတွက် မေးခွန်း ၆၈ ခု၊ အဖွဲအစည်းမေးခွန်း ပုံစံအတွက် မေးခွန်း ၁၈ ခုနဲ့ ကောက်ယူမယ်လို့ သိရပါတယ်။

ပြည်သူများအနေနဲ့ မေးခွန်းများကို မှန်မှန်ကန်ကန်ဖြေကြားခြင်းဖြင့် ပူးပေါင်းကူညီနိုင်ရေး အသိပညာပေး လုပ်ငန်းများ ထိရောက်ကျယ်ပြန့်စွာ လုပ်ဆောင်ရန်နှင့် စီမံချက်ပါလုပ်ငန်းများကို သတ်မှတ်ကာလအတိုင်း ပြီးမြောက် အောင်မြင်ရေး ကော်မတီအဆင့်ဆင့်က ကောက်ယူသွားမယ်လို သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

SZ