လိဂ်ဖလား(Carabao Cup) တတိယအဆင့်ပွဲစဉ်များ မဲခွဲ

လိဂ်ဖလား(Carabao Cup)၊ ဒုတိယအဆင့်ပွဲစဉ်တွေ ပြီးဆုံးခဲ့တာကြောင့် တတိယအဆင့်မဲခွဲပွဲကို ဩဂုတ်(၂၈)ရက်က ပြုလုပ်ခဲ့ကြပါတယ်။ မဲခွဲပွဲမှာ လက်ရှိချန်ပီယံ လီဗာပူးအသင်းက ဝက်စ်ဟမ်းအသင်းနဲ့ တွေ့ဆုံနေခဲ့သလို အဲဗာတန်အသင်းနဲ့ ဆောက်သမ်တန်အသင်း၊ ဘရိုက်တန်အသင်းနဲ့ ဝုဗ်အသင်း စတဲ့ ပရီးမီးယားလိဂ်အသင်း တွေက တတိယ အဆင့်မှာတင် ထိပ်တိုက်တွေ့ဆုံနေပါတယ်။
(၁၉၆၈)ခုနှစ်နောက်ပိုင်း လိဂ်ဖလားပြိုင်ပွဲရဲ့ တတိယအဆင့်ကို ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့တဲ့ ဘာရိုး အသင်းက ချယ်လ်ဆီးအသင်းနဲ့ တွေ့ဆုံနေပြီး အစ်ဆွစ်အသင်းကိုအနိုင်ရကာ နောက်တစ်ဆင့်တက်လာခဲ့တဲ့ ဝင်ဘယ်ဒန်အသင်းက နယူးကာဆယ်အသင်းနဲ့ တွေ့ဆုံနေပါတယ်။
လိဂ်ဖလား၊ တတိယအဆင့် အခြားပွဲတွေမှာ အသင်းကြီးတွေဖြစ်ကြတဲ့ အာဆင်နယ်အသင်းက ဘော်တန်အသင်း၊ မန်ယူအသင်းက ဘန်စလေအသင်း၊ မန်စီးတီးအသင်းက ဝက်ဖို့ဒ်အသင်းတို့နဲ့ ထိပ်တိုက် တွေ့ဆုံနေကြပါတယ်။ လိဂ်ဖလား၊ တတိယအဆင့်ပွဲစဉ်တွေအားလုံးကို လာမယ့်စက်တင်ဘာ (၁၆)ရက်နေ့ကနေ (၂၃)ရက်နေ့အတွင်း ကစားသွားမှာဖြစ်တယ်လို့ သိရပါတယ်။