မတ္တရာမြို့နယ်တွင် အကြမ်းဖက် PDF နှစ်ဦး လက်နတ်နှင့် အတူ ဖမ်းဆီးရမိ


(ပြည်တွင်း)ဩဂုတ် ၂၉

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ သရက်ကန်တောင်ကျေးရွာ၏ အရှေ့ဘက်၌ သြဂုတ်လ၂၆ ရက်နေ့ နံနက်ပိုင်းက လုံခြုံရေးပူးပေါင်းအဖွဲ့များ ပိတ်ဆို့စစ်ဆေးရေးဆောင်ရွက်နေစဉ် အကြမ်းဖက် PDF အဖွဲ့ဝင် နှစ်ဦး လက်နတ်နှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဥ်မှာ မတ္တရာမြို့နယ်၊ လွန်တောင်းကျေးရွာဘက်မှ သရက်ကန်တောင်ကျေးရွာဘက်သို့ မောင်းနှင်လာသော ဆိုင်ကယ် ၁ စီးအား လုံခြုံရေးအဖွဲ့မှ ပိတ်ဆို့ စစ်ဆေးခဲ့ရာ ဇော်မျိုးအောင်၊ အသက် ၂၄ နှစ်၊ ဆိုင်ကယ်ဝပ်ရှော့လုပ်သား၊ ညောင်ကုန်းမြောက်ကျေးရွာ၊ မတ္တရာမြို့နယ်နေသူနှင့် ဖြိုးဝေကျော်၊ အသက် ၂၁ နှစ်၊ ဆိုင်ကယ်ဝပ်ရှော့၊ ညောင်ကွဲရပ်ကွက်၊ အောင်မြေသာစံမြို့နယ်နေသူတို့ဖြစ်ကြောင်း သိရှိရပြီး ၎င်းတို့စီးနင်းလာသော ဆိုင်ကယ်အား စစ်ဆေးခဲ့ရာ ဆိုင်ကယ် တူးဘောက်အတွင်းမှ M-20 ပစ္စတို ၁ လက်၊ ၉-မမ ကျည် ၁၀ တောင့်၊ ဓားမြှောင် ၁ ချောင်းတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်းနှင့် ဖမ်းဆီးရမိသူ ၂ ဦးအား ဆက်လက် စစ်ဆေးဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

ZN #SZ