မင်္ဂလာဒုံမြို့နယ်တွင် YBS ယာဉ်နှင့် ကုန်တင်ယာဉ်တိုက်မှုဖြစ်ပွား


(ပြည်တွင်း)ဩဂုတ် ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရဲစုတောင်ရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းတွင် ယနေ့နံနက် ၉ နာရီ ၄၆ မိနစ်အချိန်ခန့်က YBS ယာဉ်နှင့် ကုန်တင်ယာဉ်တိုက်မှုဖြစ်ပွားပြီး YBS ယာဉ်မောင်း ညပ်နေကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ ယာဥ်တိုက်မှုဖြစ်ပွားသည့်နေရာသို့ မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း ၊ ယာဥ်တိုက်မှုကြောင့် ညပ်နေသူ YBS ယာဉ်မောင်း ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အား နံနက် ၁၀ နာရီ ၃၄ မိနစ် အချိန်တွင် ကယ်ထုတ်နိုင်ခဲ့ပြီး ကြက်ခြေနီအသင်းမှ သူနာတင်ယာဉ်ဖြင့် လှည်းကူးမြို့နယ် ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

ZN #SZ