ပို့ကုန်လုပ်ငန်းစတင်လုပ်ကိုင်နည်း သင်တန်းသားများခေါ်ယူနေ


(ပြည်တွင်း) ဩဂုတ် ၂၉

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုသင်တန်းကျောင်း (ရန်ကုန်)မှ ပိုကုန်ဆိုင်ရာရက်တိုသင်တန်းများ အမှတ်စဉ်(၁)ပို့ကုန်လုပ်ငန်းစတင်လုပ်ကိုင်နည်းအတွက် သင်တန်း သားများ ခေါ်ယူနေပါတယ်။

အဆိုပါ သင်တန်းကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ဒုတိယအပတ်မှာ စတင်ဖွင့်လှစ်မှာဖြစ်ပြီး တနင်္လာနေ့မှ သောကြာနေ့အထိ ၅ ရက်သင်တန်းဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါသင်တန်းကို နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ၊ လူဦးရေ ၃၅ ဦးအထိ လက်ခံ‌ပြီး ကုန်သွယ်မှုသင်တန်းကျောင်း အမှတ် (၂၂၈/၂၄၀)၊ ကမ်းနားလမ်းနှင့် ရွှေဘုံသာ လမ်းထောင့်၊ ပန်းဘဲတန်းမြို့နယ်မှာ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

လျှောက်လွှာတွင် တစ်လက်မပတ်လည် ဓာတ်ပုံ ၃ ပုံ၊ ဘွဲလက်မှတ်မိတ္တူ၊ အခြေခံပညာအထက်တန်း အောင်လက်မှတ်မိတ္တူ၊ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ တိုကိုပူတွဲပြီး ကုန်သွယ်မှုသင်တန်းကျောင်း (စတုတ္ထထပ်)မှာ လူကိုယ်တိုင်လာရောက်စာရင်းပေးသွင်းရမှာ ဖြစ်တယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

SZ