NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၏ တူဝမ်းကွဲတော်စပ်သူအား အကြမ်းဖက် PDF အဖွဲ့က ဖမ်းဆီး


(ပြည်တွင်း) ဩဂုတ် ၂၈

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ဘုရားကြီးကျေးရွာအနီးတွင် ယမန်နေ့ မွန်းတည့်ချိန်ခန့်က NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၏ တူဝမ်းကွဲတော်စပ်သူအား အကြမ်းဖက် PDF အဖွဲ့ကဖမ်းဆီးသွားကြောင်း သိရသည်။

နွားထိုကြီးမြို့၊ အမှတ်(၈)ရပ်ကွက်နေ ဦးတင်လှ(တင်လှကုန်စုံစတိုးဆိုင်)မှနွားထိုး​ကြီးမြို့၏ အရှေ့တောင်ဘက်ရှိ ဒေါင့်ဘိုးကျေးရွာသို့ ရွာစျေးဆိုင်များမှယူဝယ်ယူသော ကုန်ပစ္စည်းများကို ဆိုင်မှ Light Truck၊ ၁၀ ပေတို ကားဖြင့်သွားရောက်ပို့ဆောင်ခဲ့ရာ နွားထိုးကြီးမြို့နယ်၊ ဘုရားကြီးကျေးရွာအနီးအရောက်တွင် အကြမ်းဖက် PDF အဖွဲ့မှ ကားအားရပ်တန့်ခိုင်းပြီး ဆိုင်ပိုင်ရှင်အား ဖုန်းဆက်ခေါ်ခိုင်းကြောင်း၊ ကားစပါယ်ယာနှင့် ဒရိုင်ဘာတို့ကို ပြန်လွှတ်ပေးခဲ့ကြောင်း၊ ရောက်ရှိလာသော ကုန်စုံစတိုးဆိုင်ပိုင်ရှင်၏ သားဖြစ်သူ ကိုစည်မင်းထက်အား ကားပေါ်ပါရှိသော ကုန် ပစ္စည်းများနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

အဆိုပါ ကုန်စုံဆိုင်ပိုင်ရှင်ဖြစ်သူ ကိုစည်မင်းထက်မှာ NLD ပါတီကိုထောက်ခံအားပေးသူဖြစ်ပြီး နွားထိုးကြီးမြို့ နယ်၊ NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း နိုင်ထူးအောင် (NUG ကာကွယ်ရေးဝန်ကြီး ဌာန၊အမြဲတမ်းအတွင်းဝန်)၏ တူဝမ်းကွဲတော်စပ်ကြောင်း သိရှိရမှုအား သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

ZN #SZ