အမည်မသိ အရေပြားရောဂါတစ်မျိုးကြောင့် ပူတာအိုတွင် ကျွဲ၊ နွာသေဆုံးမှုများပြားနေ


(ပြည်တွင်း) ဩဂုတ်၂၈

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် အမည်မသိအရေပြားရောဂါကြောင့် နေ့စဉ်ကျွဲ၊ နွား သေဆုံးမှုတွေရှိနေပြီး သေဆုံးမှုပြင်းထန်နေသည်ဟု ဒေသခံများ၏ပြောပြချက်အရ သိရသည်။

ကချင်ပြည်နယ်၊ ပူတာအိုဒေသ လုံရှာယန်ကျေးရွာရှိ ကျွဲ၊ နွားများတွင် အမည်မသိ အရေပြားရောဂါတစ်မျိုး လျှင်မြန်စွာပြန့်နှံ့နေပြီး တစ်နေ့လျှင် အနည်းဆုံး ၅ ကောင်မှ ၆ ကောင်အထိ သေဆုံးနေသည်ဟု သိရသည်။

ဩဂုတ်လ ၂၆ ရက်နေ့မှစပြီး ယနေ့ ဩဂုတ်လ ၂၈ အထိ ၂ ရက်အတွင်း ကျွဲ၊ နွား အများအပြားသေဆုံးမှုရှိနေသည်ဟု ဒေသခံများ ပြောပြချက်အရ သိရသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လ ကလည်း မြစ်ကြီးနား-ပူတာအို လမ်းပေါ်ရှိ ကျေးရွာအချို့တွင် နွားများ အဖုပေါက်သည့် ရောဂါတစ်မျိုးဖြင့် ဖျားနာခြင်း၊ သေဆုံးခြင်းများကြုံတွေ့ခဲ့ရပြီး ကျွမ်းကျင်သည့် တိရစ္ဆာန်ကု ဆရားဝန်ကြီးများက ယင်းရောဂါမှာ ဒမ်းဘီးရောဂါဖြစ်ပြီး ဗိုင်းရပ်ကူး စက်ပိုးကြောင့် ဖြစ်ကြောင်း၊ ရောဂါဝင်လာပါက ဖျားနာခြင်း၊ အနာအဖုပေါက်ခြင်းများ ဖြစ်လာကြောင်း၊ ယင်းအနာအဖုများကို မိုးရေဝင်ခြင်း၊ ရေဝင်ခြင်းများကြောင့် ရောင်ရမ်းကာ သေဆုံးရခြင်းဖြစ်ကြောင်း၊ အရေး ပြားရောဂါတစ်မျိုးဖြစ်ကြောင်း၊ သီးခြားခွဲထားခြင်း၊ မန်းဆေးထိုးခြင်း၊ အရေးပြားရောဂါပျောက်ဆေးများကို ကျွမ်းကျင်သူနှင့် ထိုးခြင်းများပြုလုပ်ပါက တစ်ပတ်ကျော်အတွင်း ပျောက်ကင်းသွားကြောင်း ပြောကြားကြခဲ့ ကြဖူးသည်။

ပူတာအိုဒေသတွင် ကျွဲ၊ နွား စားကျက်ပေါများမှုကြောင့် ဒေသတွင်း ကျွဲ၊ နွား တစ်ပိုင်တစ်နိုင် လွှတ်ကြောင်းမွေးမြူသည့် ထွန်းကားသည့် ဒေသတစ်ခုဖြစ်သည်။

Telegram»…
https://t.me/positiveanglenews

PAN

AMT #SZ