ဟဲဟိုးမြို့တွင် ယာဥ်တိမ်မှောက်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံး


(ပြည်တွင်း)ဩဂုတ် ၂၈

ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ မိုင်တိုင်အမှတ်(၉၇/၇)နှင့် (၉၈/၀)ကြားတွင် ယမန်နေ့ညနေ ၅ နာရီကျော်အချိန်ခန့်က ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယာဥ်တိမ်းမှောက်သည့် နေရာသို့ ကလောမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ဟဲဟိုးနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ည ၇ နာရီခွဲ အချိန်တွင် ဆောင်ရွက်ပြီးစီးပါသည်။

အဆိုပါ ယာဥ်တိမ်းမှောက်မှုဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား ၂ ဦးအနက် ကျား ၁ ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)နှင့် ကျား ၁ ဦး ထိခိုက်ဒဏ်ရာရ(သေဆုံး)တို့အား မြတ်စေတနာ နာရေးကူညီမှုအသင်းပိုင် သူနာတင်ယာဉ်ဖြင့် ဟဲဟိုးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

ZN #SZ