ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ကုန်တင်ယာဥ်နှစ်စီးတိုက်မှုကြောင့် တစ်ဦးသေဆုံး


(ပြည်တွင်း)ဩဂုတ် ၂၈

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၉၂/၀)နှင့် (၉၂/၁)ကြားတွင် ယနေ့နံနက် ၅ နာရီ ၅၀ မိနစ်အချိန်ခန့်က နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော Hino Ranger အမျိုးအစား(၆)ဘီး ကုန်တင်ယာဉ်အား လားရာတူနောက်မှ မောင်းနှင်လာသော Nissan Condor အမျိူးအစား(၆)ဘီး ကုန်တင်ယာဉ်မှ ဝင်ရောက်တိုက်မိမှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယာဥ်တိုက်မှုဖြစ်ပွားသည့် နေရာသို့ မြို့ချောင်းအမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် Nissan Condor ယာဉ်ပေါ်ပါ ယာဉ်မောင်းကျား(၁)ဦး (သေဆုံး)နှင့် ယာဉ်နောက်လိုက် ကျား(၁)ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)တို့အား ရဲတပ်ဖွဲ့ပိုင် သူနာတင်ယာဉ်ဖြင့် မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

ZN #SZ