မြန်မာနိုင်ငံကူးလက်မှတ်အသစ် ပြုလုပ်ခွင့်ရရှိသူများစာရင်းကို စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးကြေညာ


(နိုင်ငံတကာ) ဩဂုတ်၂၈

ပြည်ထဲရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးအဖွဲ့၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံကူး လက်မှတ်အသစ် ပြုလုပ်ခွင့်ရရှိသူများစာရင်းကို စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အသိပေးကြေညာထားကြောင်း သိရပါတယ်။

မြန်မာနိုင်ငံကူးလက်မှတ်အသစ် ပြုလုပ်ခွင့်ရရှိသူများ အမည်စာရင်းကို စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ Facebook Page စာမျက်နှာဖြစ်တဲ့ Myanmar Embassy, Singapore တွင် ဩဂုတ်လ ၂၇ ရက်က အသိပေးထုတ်ပြန် ထားပါတယ်။

မွေးကင်းစကလေးများအတွက် နိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် မိခင်(သိုမဟုတ်)ဖခင်သာလာရန်လိုအပ်ပြီး ကလေးခေါ်လာရန် မလိုအပ်ကြောင်းလည်း သံရုံးကအသိပေးထားပါတယ်။

စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးအနေဖြင့် သံရုံး၏ WhatsApp သို စာရင်းပေးပို့သူများအနက်မှ မြန်မာနိုင်ငံကူးလက်မှတ်သက် တမ်းတိုးခွင့်ရရှိသူများ၏ စာရင်းကို အပတ်စဉ်အလိုက် သံရုံးကအသိပေးထုတ်ပြန် ကြေညာပေး လျက်ရှိပါတယ်။

အဆိုပါ မြန်မာသံရုံး၏ WhatsApp သို စာရင်းပေးပို့ရာတွင် စာရွက်စာတမ်းအတု၊ အခကြေးငွေ ရယူသူများမှတစ်ဆင့် ပေးပို့လာခြင်းများအပေါ် သက်တမ်းတိုးဆောင်ရွက်ပေးသွားမည် မဟုတ်ကြောင်း၊ မြန်မာသံရုံးမှ မည်သည့် ပုဂ္ဂလိကဝန်ဆောင်မှု ကုမ္ပဏီ/အေးဂျင့်များကိုမျှ ဝန်ဆောင်မှုရယူရန်နှင့် တန်းစီဇယားလုပ်ဆောင်ခွင့် ပေးအပ်ထားခြင်းမရှိကြောင်းလည်း ထည့်သွင်းထုတ်ပြန်ထားပါတယ်။

စင်ကာပူနိုင်ငံရောက် အသက် ၆၅ နှစ်နှင့်အထက် မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးဆောင်ရွက်ရာတွင် သံရုံး၏ Website, WhatsApp တို့မှာ ကြိုတင်ရက်ချိန်းယူရန် မလိုအပ်ဘဲ ဦးစားပေးအစီအစဉ် တစ်ရပ်အနေဖြင့် ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး မြန်မာသံရုံးသို့ နံနက်ပိုင်းတွင် လူကိုယ်တိုင်တိုက်ရိုက်လာရောက် သက်တမ်းတိုးဆောင်ရွက်နိုင်ကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

SZ