မိုးညှင်းမြို့နယ်က တောအုပ်တစ်ဦးနှင့်ပြည်သူတစ်ဦးသတ်ဖြတ်ခံရ KIA ဖမ်းသွား သည့်ဖားကန့်မြို့က TikTok ဆယ်လီပြန်လွတ်

(ပြည်တွင်း) ဩဂုတ် ၂၈

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နားခါရပ်ကွက်တွင်နေထိုင်သည့် တောအုပ်တစ်ဦးအား PDF အကြမ်းဖက်များမှဝင်ရောက်ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။

မိုးညှင်းမြို့နယ်၊ နားခါရပ်ကွက်တွင်နေထိုင်သည့် ကိုကျော်ခိုင်စိုး (၃၅) နှစ်နှင့် တစ်ရပ်ကွက်တည်းနေ မြို့နယ်သစ်တော ဦးစီးဌာနမှ တောအုပ်ဖြစ်သူ ကိုဘောက်နော် (၃၇) နှစ်တို့သည် ဩဂုတ်လ ၂၅ ရက်နေ့ နံနက် ၆ နာရီ ၂၀ မိနစ်အချိန်၌ ကိုကျော်ခိုင်စိုး၏ နေအိမ်တွင်အတူရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် သွားခဲ့ခြင်ဖြစ်ကြောင်း သိရသည်။
PDF အကြမ်းဖက်များလာရောက်ပစ်ခတ်မှုကြောင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ရကြောင်းသိရသည်။

ပြီးခဲ့သည့် အပတ်က ၎င်း၏နေအိမ်တွင် ကချင်လက်နက်ကိုင်သောင်းကျန်းသူ KIA ဖမ်းဆီးသွားသည့် ဖားကန့်မြို့ နယ် ဆန်းကြွယ်ကျေးရွာမှ Facebook နှင့် TikTok ဆယ်လီမိန်းကလေးတစ်ဦးမှာ ဩဂုတ် ၂၇ ရက်နေ့ ညနေ ၆ နာရိအချိန်ခန့်က ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

#PAN