မိုင်းပျဥ်းမြို့နယ်နှင့် မက်မန်းမြို့နယ်တို့ချိတ်ဆက်ထားသည့် ဘေလီတံတား အသုံးပြမှုဆက်လက်ပိတ်ထားမည်


(ပြည်တွင်း)ဩဂုတ် ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းပျဥ်းမြို့နယ် ၀မ်တာခက်ကျေးရွာအုပ်စု ၊ ၀မ်တာခက်ကျေးရွာနှင့် မက်မန်းခရိုင်၊ မက်မန်းမြို့နယ်ကို ချိတ်ဆက်ထားရှိရှိသော သံဘေလီတံတားသည် သြဂုတ်လ၂၂ရက်နေ့ ညနေ၅နာရီ၀န်းကျင်ချိန်ခန့်တွင် ချောင်းရေမြှင့်တက်မှုကြောင့် တံတားအောက်ခြေရှိ အလယ်တိုင်များ ရေစီးနှင့်အတူမျောပါသွားခဲ့ကြောင်း သိရသည်။

အဆိုပါ မိုင်းပျဥ်း-မက်မန်းလမ်း ၀မ်တာခက်ရွာအနီး(၃၃.၄) ကီလိုမီတာ (၃၃.၆) ကီလိုမီတာအကြားရှိ တံတားအမှတ်(၂/၃၄)၄၄၀’ အရှည် ၀မ်တာခက်တံတား (​ဘေလီတံတား) ၏ ကွန်ကရစ်ရေလည်တိုင်(p3) ချောင်းအသွင်းသို့လဲကျသွားသည့်ဖြစ်စဉ်နှင့်စပ်လျဥ်း၍ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၁၂)မှ (၂၄.၈.၂၀၂၄) ရက်နေ့နှင့် (၂၅.၈.၂၀၂၄) ရက်နေ့တို့တွင် သွားရောက်စစ်ဆေးပြီး အရေးပေါ်ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ စစ်ဆေးတွေ့ရှိချက်အရတံတားအသုံးပြုခွင့်အားခေတ္တပိတ်ထားမည်ဖြစ်ပြီးယာယီအစီအစဉ်အရတိုင်စင်များဆောင်ရွက်ပြီးမှသာ တံတားပြန်လည်အသုံးပြုနိုင်မည်ဖြစ်ပါကြောင်းသိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

ZN #SZ