(ပြည်တွင်း) သြဂုတ် ၂၈
ပူတာအို – မြစ်ကြီးနားကားလမ်းပိုင်းကိုယနေ့ သြဂုတ် ၂၈ ရက်နေ့တွင်ပြန်လည်ဖွင့်လိုက်ပြီဖြစ်ကြောင်း မော်တော်ယာဥ်လိုင်းများထံမှ သိရသည်။
ကားလမ်းကိုဖွင့်လှစ်ပေးလိုက်သော်လည်း လမ်းပိုင်းများပျက်စီးနေသည့်အတွက် ပြန်လည်ပြင်ဆင်မှုများပြုလုပ်နေဖြစ်သည့်အတွက် ယာဥ်သွားလာမှု နှောင့်နှေးနေဆဲဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် လမ်းပိုင်းများပြုပြင်နေဆဲဖြစ်သည့်အတွက် ကားကြီးများဖြတ်သန်းခွင့်မပြုသေးဘဲ ကားငယ်များကိုသာ သွားလာခွင့်ပြုထားသေးေကြာင်း ပူတာအိုမြို့ခံများထံကသိရှိရသည်။
Telegram»…
https://t.me/positiveanglenews