ဓါတ်လုံဘုရား အဆင်းလမ်းတွင် ယာဥ်တိမ်းမှောက်မှုဖြစ်ပွား


(ပြည်တွင်း)ဩဂုတ် ၂၈

ရှမ်းပြည်နယ်၊ မိုင်းယောင်းမြိုနယ်၊ ဓါတ်လုံဘုရားအဆင်းလမ်းတွင် ယနေ့နံနက် ၈ နာရီအချိန်ခန့်က Mazda အမျိုးအစား(အဖြူရောင်)ယာဉ်(၁)စီးသည် အရှိန်မထိန်းနိုင်ဘဲ လမ်းညာဘက်ဓါတ်တိုင်အား ဝင်တိုက်ပြီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယာဥ်တိမ်းမှောက်သည့် အခင်းဖြစ်ရာနေရာသို့ မိုင်းယောင်းမြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းကျား ၁ ဦး(သေဆုံး)၊ ကျား ၂ ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)တို့အား ကြက်ခြေနီတပ်ဖွဲ့မှ သူနာတင်ယာဉ်ဖြင့် မိုင်းယောင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

ZN #SZ