တောင်အဆင်းလမ်း၌ မော်တော်ယာဥ်တိမ်းမှောက်မှုဖြစ် လူသေဆုံးမှုရှိ

(ပြည်တွင်း) သြဂုတ် ၂၈

ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းယောင်းမြို့၊ဓါတ်လုံစေတီတောင်အဆင်းလမ်း၌ အိမ်စီးမော်တော်ယာဥ်တစ်စီး အရှိန်မထိန်းနိုင်ပဲ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ သြဂုတ်လ ၂၈ ရက်နေ့ နံနက် ၆ နာရီအချိန်ခန့်တွင် မိုင်းယောင်းမြို့၊ဓါတ်လုံစေတီတောင်အဆင်းလမ်း၌ အဆိုပါမော်တော်ယာဥ်မှ အရှိန်မထိန်းနိုင်ပဲလမ်းဘေးဓါတ်တိုင်ဝင်တိုက်မိခဲ့သည့်အတွက် ယာဥ်ပေါ်တွင်လိုက်ပါစီးနင်းလာသူ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ မိုင်းယောင်းမြို့ ဝမ်တပ်ကျေးရွာအုပ်စု ဝမ်ဘန်းကျေးရွာသားတစ်ဦးဖြစ်ပြီး ၎င်းကျေးရွာသားတစ်ဦးလည်း ဒဏ်ရာရရှိကြောင်းသိရသည်။

မေယ်တော်ယာဥ်တိမ်းမှောက်ရာနေရာသို့ ကယ်ဆယ်ရေးအဖွဲ့များသွားရောက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

#PAN