တောင်သမန်ကျေးရွာအုပ်စု၊ ထန်းတောရပ်ရှိ ကျောက်တော်ကြီးဘုရား မိုးကြိုးစက်ကွင်းမိ၍ စိန်ဖူးတော် မြေခကြွေကျ


(ပြည်တွင်း) ဩဂုတ် ၂၈

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တောင်သမန်ကျေးရွာအုပ်စု၊ ထန်းတောရပ်ရှိ ကျောက်တော်ကြီးဘုရားတွင် ယမန်နေ့ ညနေ ၄ နာရီ ၅၀ မိနစ်အချိန်ခန့်က မိုးကြိုးစက်ကွင်းမိ၍ ကျောက်တော်ကြီးဘုရား စိန်ဖူးတော် မြေခကြွေကျခဲ့ကြောင်း သိရှိရသည်။

မိုးကြိုးစက်ကွင်းမိ၍ ကျောက်တော်ကြီးဘုရား စိန်ဖူးတော်မြေခကြွေကျကာ ဆည်လှည်းခေါင်းလောင်းများ မဲမှောင်သွားကြောင်း သိရှိရသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးခဲ့ရာ‌‌ ဘုရားစေတီ၏ ‌ကြေမွပျက်ဆီးနေသော စိန်ဖူးတော်အား ပြန်လည်‌တွေ့ရှိခဲ့ရကြောင်း သိရှိရသည်။

အဆိုပါ ဘုရားစေတီ၏ စိန်ဖူးတော်များအား ကျောက်တော်ကြီးဘုရားဝင်းအတွင်းရှိ ဘုန်းတော်ကြီးကျောင်းတိုက် ကျောင်းထိုင်ဆရာ တော်ဘဒ္ဒန္တဇနိန္ဒမှ လက်ခံသိမ်း ဆည်းထားရှိကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ