ကလေးဝမြို့နယ်နှင့် အရာ‌တော်မြို့နယ်တွင် အကြမ်းဖက် PDF အဖွဲ့ အလောင်း၊ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ


(ပြည်တွင်း)ဩဂုတ် ၂၈

ယမန်နေ့ နံနက် ၈ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၊ အောင်ချမ်းသာရွာအနီးတွင် နယ်မြေရှင်းနေသောလုံခြုံရေးအဖွဲ့များသည် အကြမ်းဖက် PDF များနှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

ယင်းထိတွေ့တိုက်ပွဲမှ အကြမ်းဖက် PDF အလောင်း ၁ လောင်း၊ တူရကီနိုင်ငံထုတ် Glock ပစ္စတိုသေနတ် ၁ လက်၊ အမ်-၄ သေနတ် ၁ လက်၊ ၉ မမကျည် ၆ တောင့်၊ ၅.၅၆ မမကျည် ၁၅ တောင့်၊ ကျည်အိမ် ၂ ခုတို့ကို သိမ်းဆည်းရမိကြောင်း သိရသည်။

ထို့အတူ အရာတော်မြို့တွင်လည်း ယနေ့နံနက် ၈ နာရီအချိန်ခန့်က အကြမ်းဖက် PDF များ၏ Drone ယာဉ် ၁ စီးသည် လူနေရပ်ကွက်အတွင်းသို့ ဒရုန်းဗုံးချရန်ပျံသန်လာသော ဒရုန်ယာဉ် ၁ စီးကို လုံခြုံရေးအဖွဲ့ဝင်များက ပစ်ချဖျက်ဆီးခဲ့ရာ ဒရုန်းယာဉ် ၁ စီးရရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

GE #SZ