ဝါးဥတူး သူအနီး ဒရုန်းဗုံး ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဗုံးစထိမှန်ဒဏ်ရာရရှိ


(ပြည်တွင်း) ဩဂုတ် ၂၇

အေးကမ္ဘာကျေးရွာ၊ သံဖြူဇရပ်နေသူ မောင်မျိုးမင်းထွန်၊ အသက် ၂၅ နှစ်၊ (ဘ) ဦးသံလုံးသည် Eon Saw Mon ရာဘာစက်ရုံအနီးရှိ ဝါတောမှ ဝါးဥတူးပြီးအပြန် ၎င်း၏ဆိုင်ကယ်ရှိရာသို့ပြန်လာစဉ် အကြမ်းဖက်သမား၏ ဒရုန်းဗုံး ၁ လုံး ကျရောက်ပေါက်ကွဲခဲ့သဖြင့် ထိမှန်ဒဏ်ရာများရခဲ့ကြောင်း သိရသည်။

အဆိုပါဗုံးစထိမှန်၍ မောင်မျိုးမင်းထွန်၏ ယာပါးအပူလောင်ဒဏ်ရာများ၊ ယာဝမ်းဗိုက်မိုင်းစ ဖောက်ဝင်ဒဏ်ရာ ၂ ချက်၊ ယာရင်အုံမိုင်းစ ထိမှန်ဒဏ်ရာ ၁ ချက်၊ ယာခြေထောက် ပေါင်မှခြေဖမိုးထိ မိုင်းစထိမှန်ဒဏ်ရာ(စိုးရိမ်ရ)တို့ရရှိခဲ့ပြီး သံဖြူဇရပ်ဆေးရုံမှတစ်ဆင့် မော်လမြိုင်ဆေးရုံသို့ လွှဲပြောင်းကာ ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

GE #SZ