ဝက်လက်မြို့နယ် ရွာသာကြီးကျေးရွာအနီး အကြမ်းဖက် PDF များ၏ အလောင်းနှင့် လက်နက်ခဲယမ်း ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ


(ပြည်တွင်း) ဩဂုတ် ၂၇

ဩဂုတ်လ ၂၅ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာအနီးတွင် လုံခြုံရေးအဖွဲ့များသည် သတင်းရရှိသဖြင့် ကင်းပုန်းဝပ်နေစဉ် အကြမ်းဖက် PDF အဖွဲ့ဝင် ၂ ဦးမှ ဆိုင်ကယ်မောင်းနှင်လာသည်ကိုတွေ့ရှိသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သိရှိရသည်။

အဆိုပါ ဖမ်းဆီးမှုတွင် အကြမ်းဖက် PDF အလေင်း ၂ လောင်း၊ KA သေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု၊ ကျည်ဆံ ၃၀ တောင့် ၊ ဆိုင်ကယ် ၁ စီးတို့ကို သိမ်းဆည်းရမိကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

GE #SZ