လွိင်ကော်မြို့အချိုနေရာများမှာ လျှပ်စစ်မီးပြန်ရ


(ပြည်တွင်း)ဩဂုတ် ၂၇

လွိင်ကော်မြို့ပေါ် ရပ်ကွက်များမှာ လျှပ်စစ်မီးရရှိရေးအတွက် လျှပ်စစ်ဓာတ်အား သွယ်တန်းနေမှုများ ဆောင်ရွက်နေရာ လက်ရှိမှာ မြို့ပေါ် ၁၂ ရပ်ကွက်မှာ လျှပ်စစ်မီးရရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လွိင်ကော်မြို့ပေါ် ရပ်ကွက်များအတွင်း လျှပ်စစ်မီး လျှင်မြန်စွာ ပြန်လည်ရရှိရေး ဆောင်ရွက်လျက်ရှိတဲ့ လုပ်ငန်းခွင်သို့ သွားရောက်၍ ဈေးပိုင်း ၊ ဓမ္မာရုံ ၊ မင်္ဂလာရပ်ကွက် အတွင်း၌ 11KV ဓာတ်အားလိုင်း ၁,၁၀၀ ပေ ပြန်လည်ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုခဲ့ပါတယ်။

လွိင်ကော်မြို့ ၄၈ နာရီအတွင်း လျှပ်စစ်မီးရရှိရေးအတွက် လျှပ်စစ်ဝန်ထမ်းများက ဓာတ်အားလိုင်းများ ပြင်ဆင်ဆောင်ရွက်ပေးနေမှုနှင့် ထရန်စဖော်မာတပ်ဆင်ပေးနေမှုများကို ကြည့်ရှုကာလိုအပ်တာများကို ညှိနှိင်း ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

SZ