ရုရှားက ယူကရိန်းစွမ်းအင် အဆောက်အအုံများကို တိုက်ခိုက်နိုင်ဟု ထုတ်ပြန်


(နိုင်ငံတကာ) ဩဂုတ် ၂၇

ရုရှားတပ်မတော်က ယူကရိန်းနိုင်ငံ၏အဓိကကျသော စွမ်းအင်အဆောက်အအုံများကို တိုက်ခိုက်မှုလုပ် လိုက်နိုင်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ်လ ၂၆ ရက်တွင် ထုတ်ပြန်ထားသည်။

ထိုတိုက်ခိုက်မှုတွင် ဝေဟင်နှင့်ပင်လယ်ပြင်တိုမှ ပစ်ခတ်နိုင်သည့် တိကျမှုမြင့်မားသည့် တာဝေးပစ်လက်နက်များ၊ တိုက်ခိုက်ရေး ဒရုန်းများကို အသုံးပြုခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ တိုက်ခိုက်မှုတွင် သတ်မှတ် ထားသည့် ပစ်မှတ်များအားလုံးကို ထိမှန်သွားကြောင်းနှင့် အခြားတိုက်ခိုက်မှုများတွင်လည်း အီလက်ထရောနစ် စစ်ဆင်ရေးစခန်းနှစ်ခုနှင့် ရှေ့တန်းလက်နက်တိုက်လေးခုတို့ကို ဖျက်ဆီးလိုက်နိုင်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

တစ်ချိန်တည်းမှာပင် ရုရှားတို့ဘက်က ဒုံးကျည်အစင်းပေါင်း ၁၀၀ ကျော်၊ ဒရုန်းအစင်းပေါင်း ၁၀၀ ကျော်ဖြင့် အလွန်ကြီးမားသော ပူးတွဲတိုက်ခိုက်မှုကို လုပ်ဆောင်သည်ဟု ယူကရိန်းသမ္မတ ဇီလန်းစကီး က တယ်လီဂရမ် တွင် ရေးသားထားသည်။

ယင်းသို့တိုက်ခိုက်မှုကြောင့် နိုင်ငံ၏စွမ်းအင်ကဏ္ဍတွင် ကြီးမား‌သောပျက်စီးမှုများရှိ ကြောင်း၊ သို့သော် ထိုအဆောက်အအုံများမှာ ယခုအခါမှာ ပြန်လည်ပတ်နိုင်ပြီ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

အလားတူ ရုရှားတို့က ယူကရိန်းနိုင်ငံ၏မြို့တော် အပါအဝင်အလယ်ပိုင်းနှင့် အရှေ့ပိုင်းဒေသများကို တိုက်ခိုက်မှုများ လုပ်ခြင်းဖြစ်ကြောင်း ယူကရိန်းအစိုးရသတင်းဌာနက ဖော်ပြထားသည်။

ရုရှားတပ်မတော်က ထိုသို့ တိုက်ခိုက်မှုကို လုပ်ဆောင်ရာတွင် Tu-95C မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ် ၁၁ စင်း၊ Tu- 22M3 အသံထက် မြန် တာဝေးဗုံးကြဲလေယာဉ် ခြောက်စင်းတို့ကို အသုံးပြုခဲ့ကြောင်း ဆင်ဟွာသတင်းဌာနမှ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ