ရာဇာမင်း EV ရန်ကုန် – မန္တလေး – နေပြည်တော် ပြေးမည်


(ပြည်တွင်း) ဩဂုတ် ၂၇

ရာဇာမင်း Express က စက်တင်ဘာလကုန်ကစပြီး ရန်ကုန် – မန္တလေး ၊ ရန်ကုန် – နေပြည်တော်ခရီးစဉ်တွေကို EV ကားသစ်များဖြင့် စတင်ပြီး ပြေးဆွဲပေးတော့မည်ဖြစ်ကြောင်း သိရသည်။

ဆီဈေးနှုန်းမြင့်တက်မှုကြောင့် စက်သုံးအသုံးပြုမောင်းနှင်လာအသုံးပြုရသည့် မော်တော်ယာဉ်စီးခဈေးနှုန်းမြင့်တက်မှုကြောင့် ခရီးသွားများအခက်အခဲကြုံတွေ့ နေရပြီး EV ကားများနှင့် ယာဉ်စီးခဈေးနှုန်းများ သာသက်သာစွာ ခရီးသွားနိုင်ရန် ခရီးသွားပြည်သူများမျှော်လင့်နေလျှက်ရှိသည်။

အခုထပ်မံပြေးဆွဲပေးမည့် ရာဇာမင်း ခရီးသွားပို့ဆောင်ရေး ကားလိုင်းသည် ပြည်တွင်း လျှပ်စစ်ကားပြေးဆွဲမှုတွင် ဒုတိယမြောက်ကားလိုင်းအဖြစ် ရန်ကုန် – မန္တလေး၊ ရန်ကုန် – နေပြည်တော် ယာဉ်လိုင်းအား စက်တင်ဘာလထဲတွင် စတင်ပြေးဆွဲပေးမည်ဟု သိရသည်။

လောလောဆယ်တွင် ဈေးနှုန်း မသတ်မှတ်ရသေးပဲ ခရီးစဉ်ကို အွန်လိုင်းတင် ကြေညာသည့်အဆင့်သာရှိသေးပြီး ဈေးနှုန်းသတ်မှတ်ပြီးပါက ဈေးနှုန်းနှင့် အချိန်ရက်အတိအကျ အားပြန်လည် ကြေညာပေးမည်ဟု ရာဇာမင်း Express က တာဝန်ရှိသူတစ်ဦးမှ ပြောသည်။

ရာဇာမင်းကုမ္ပဏီမှတင်သွင်းထားသည့် YUTONG အမျိုးအစား T13E Model EV လျှပ်စစ် ကားသစ်ကြီးများအား စီးနင်းသည့် ခရီးသည်များအား ပိုပြီးသက်သောင့် သက်သာရှိစေရန် Eco Friendly ဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို လျှော့ချပေးသည့် ရည်ရွယ်ချက်များဖြင့် ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်သုံးမော်တော်ယာဥ်များအား တင်သွင်းခြင်းကို အခွန်ကင်းလွတ်ခွင့်ပြုထားပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ကာ အငှားယာဥ်နှင့် ဘတ်စ်ကားများအပါအဝင် လျှပ်စစ်သုံးမော်တော်ယာဥ်စီးရေ ၃၀၀၀ ကို စက်မှုဝန်ကြီးဌာနမှ တင်သွင်းခွင့်ပြုထားကြောင်း သိရသည်။

EV ကားများအား ရန်ကုန် -မန္တလေး အမြန်လမ်းမကြီး အပါအဝင် BOT စနစ်ဖြင့် ဆောင်ရွက်နေတဲ့ လမ်း ၊ တံတားများနှင့် တခြား တိုင်းဒေသကြီး / ပြည်နယ်များရှိ လမ်း၊ တံတားများအား အသုံးပြုမှုကို ၂၀၂၃ ခုနှစ် ၊ ဧပြီလ ၁ ရက်ကနေ ၂၀၂၅ ခုနှစ် ၊ မတ်လ ၃၁ ရက်အထိ ကင်းလွတ်ခွင့် ပြုထားသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMT #SZ