ရန်ကုန်တွင် မျောက်ကျောက်ရောဂါတွေပြီဆိုသည့်အသတင်းမှာ သတင်းမှားဖြစ်ဟုဆို

(ကျန်းမာရေး) ဩဂုတ် ၂၇

ရန်ကုန်တိုင်းမှာ မျောက်ကျောက်ရောဂါတွေ့ရပါပြီလို့ ဒေါက်တာနန္ဒာဝင်း တိုင်းကျန်းမာရေးဆီကသတင်းရပါသည်ဟုကြားသိရပါသည်ဆိုသည့် Message တိုတစ်ဆောင် လူမှုကွန်ယက် Facebook စာမျက်နှာတွင်ပြန့်နှံ့လာမှုနှင့်ပတ်သက်ပြီး ယင်းသတင်းမှာ သတင်းမှားသာဖြစ်ကြောင်း ဒေါက်တာနန္ဒာဝင်းက ပြန်လည်ဖြေရှင်းထားသည်။ “(၂၃-၈-၂၀၂၄) နေ့ကစ ရန်ကုန်တိုင်းမှာမျောက်ကျောက်ရောဂါ စတွေ့ရပါပြီလို့ ဒေါက်တာနန္ဒဝင်း တိုင်းကျမ်းမာဆီက သတင်းရပါသည်။

လေကြောင်းမှာဝင်လာသည်ဟုကြားသိရပါသည်”ဟု ဗုဒ္ဓ ဂုဏ်ရည် ဆရာတော် အကောင့်မှ Ashinn Agga Dhamma အကောင့်အပါအဝင် အကောင့်၁၀ ခုကို Tag ပြီး ဩဂုတ် ၂၇ ရက်နေ့က ရေးသားဖြန့်ဝေခဲ့ပြီး ထိုသတင်းမှာ ပြန့်နှံ့ခဲ့သည်။

ယင်းသတင်းနှင့်ပတ်သက်ပြီး ဒေါက်တာ နန္ဒာဝင်းက “သတင်းမှားဖြစ်ပါသည် လေကြောင်းမှဝင်လာသူများထဲမှ ရောဂါဖြစ်သည်ဟုသံသယရှိသူတစ်ဦးမျှပင်မရှိသေးသလို မည်သည့်မီဒီယာကိုမှ ပြောကြားခြင်းဖြေကြားခြင်း မရှိခဲ့ပါ သတင်းမှားဖြစ်ကြောင်း ချေပ မျှဝေပေးစေလိုပါသည်” ဟု ၎င်း၏လူမှုကွန်ယက်စာမျက်နှာကနေ ပြန်လည်ရှင်းလင်းထားသည်။

အာဖရိကတိုက်တွင်စတင်ဖြစ်ပွားခဲ့သော မျောက်ကျောက် ဗိုင်းရပ်စ် (စြသထ) ကူးစက်ရောဂါ ကြောင့် ကမ္ဘာတဝန်းတွင် (၂၀၂၄)ခုနှစ် နှစ်စပိုင်းမှ ဩဂုတ် (၂၃)ရက်နေ့အထိ အနည်းဆုံး လူပေါင်း (၅၅၀)ကျော်သေဆုံးခဲ့ပြီး အာဆီယံဒေသတွင်းနိုင်ငံများအနက် ထိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ အင်ဒိုနီးရှား နှင့် ဗီယက်နမ်နိုင်ငံတို့တွင်လည်း မျောက်ကျောက်ရောဂါ ကူးစက်ခံရသူများရှိနေကြောင်း သိရသည်။

#PAN