မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်း ဆက်သွယ်ထားသော လမ်းပိုင်းသွားလာ ရန်ခက်ခဲ


(ပြည်တွင်း)ဩဂုတ် ၂၇

ရှမ်းပြည်နယ်အတွင်း မိုးဆက်တိုက်ရွာသွန်းမှုများကြောင့် ရှမ်းပြနယ်တောင်ပိုင်းနှင့်မြောက်ပိုင်း ဆက်သွယ်ထားသော လမ်းပိုင်းများသွားလာရေး အခက်ခက်အခဲများ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ဩဂုတ်လ ၂၂ ရက်မှ ၂၅ ရက်အထိ ရှမ်းပြည်နယ်နေရာအနှံအပြားမှာ မိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်းကို ဆက်သွယ်ထားသော ကားလမ်းမကြီးအချို့ ရေကြီးရေလျှံမှုဖြစ်ကာ သွားလာရန် ခက်ခဲနေခြင်းဖြစ်တယ်လို့ ဒေသတွင်းကုန်တင်ယာဉ်မောင်းတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဩဂုတ်လ ၂၅ ရက် ရှမ်းတောင်ဘက်မှ မြောက်ဘက်သို့ သွားရာလမ်းတစ်ခုဖြစ်သည့် တောင်ကြီး-ရပ်စောက်- အင်တော-ကျောက်ဂူ လမ်းပိုင်းအတွင်း ကားလမ်းမကြီးပေါ် ရေကျော်မှုဖြစ်ပေါ်ခဲ့ကာ ဒေသတွင်းခရီးသွားယာဉ်များ ပိတ်ဆိုခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျောက်ဂူ-နမ့်လန်လမ်းလည်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အိမ်စီး ကားငယ်များ သွားလာရေးခက်ခဲနေတယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

SZ