ပင်လုံမြို့ ဘက်မှ ကျောက်တန်းမြို့ဘက်သို့ မောင်းနှင်လာသော မော်တော်ယာဉ်ပေါ်မှ ကာလတန်ဖိုး ၂၆၁၀ သိန်း တန်ဖိုးရှိမူးရစ်ဆေးဝါးများ ဖမ်းဆီးရမိ


(ပြည်တွင်း)ဩဂုတ် ၂၇

ရှမ်းပြည်နယ်(တေင်ပိုင်း)၊ ပင်လုံ-ကျောက်တန်းသွား လမ်းပေါ်တွင် ပင်လုံမြို့ ဘက်မှ ကျောက်တန်းမြို့ဘက်သို့ မောင်းနှင်လာသော မော်တော်ယာဉ်ပေါ်မှ ဩဂုတ်လ ၂၄ ရက်နေ့ ညနေပိုင်းက ကာလတန်ဖိုး ၂၆၁၀ သိန်း တန်ဖိုးရှိမူးရစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ဩဂုတ်လ ၂၄ ရက်နေ့ ညနေပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သတင်းအရ ပင်လုံ-ကျောက်တန်းသွား လမ်းပေါ်တွင် မော်တော်ယာဉ်များအား စစ်ဆေးနေစဉ် ပင်လုံမြို့ ဘက်မှ ကျောက်တန်းမြို့ဘက်သို့ တရားခံ စိုင်းဝေလင်းအောင် နှင့် စိုင်းလွင်ဖြိုး တို့ ၂ ဦး မောင်းနှင်လာသည့် မော်တော်ယာဉ်အား စစ်ဆေးရာ ယာဉ်ပေါ်တွင် Happy Water ဟု ယူဆရသည့် ပုလင်းငယ်တစ်လုံးလျှင် ၀.၀၁ ကီလိုဂရမ်ခန့်ပါ ပုလင်း ၈၀ လုံး၊ COLLAGEN တံဆိပ်ပါ ပန်းရောင်အထုပ် ၁ ထုပ်လျှင် ၀.၀၁၅ ကီလိုဂရမ်ခန့်ပါ ၁၀၀ ထုပ်၊ စုစုပေါင်း ၂.၃ ကီလိုဂရမ် ကာလတန်ဖိုး ၂၅၃၀ သိန်း နှင့် ကတ်တမင်း ၀.၄ ကီလိုဂရမ်ခန့်ပါ အထုပ် ၂ ထုပ်၊ စုစုပေါင်း ၀.၈ ကီလိုဂရမ်၊ ကာလတန်းဖိုး ၈၀ သိန်း၊ စုစုပေါင်း ကာလတန်ဖိုး ၂၆၁၀ သိန်းအား ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တရားခံများအား တရားဥပဒေနှင့် အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ