တရုတ်ကင်းထောက်လေယာဉ်တစ်စီး ဂျပန်လေပိုင်နက်အတွင်းဝင်ရောက်ခဲ့ကြောင်း ဂျပန်စွပ်စွဲ


(နိုင်ငံတကာ) ဩဂုတ် ၂၇

တရုတ်လေတပ်၏ ကင်းထောက် လေယာဉ်တစ်စီးသည် ၎င်းတို့ လေပိုင်နက်အား ချိုးဖောက်ပျံသန်းခဲ့ကြောင်း ဂျပန်အာဏာပိုင်များက စွပ်စွဲလိုက်သည်။

တနင်္လာနေ့ နေ့လည်ပိုင်းတွင် တရုတ်၏ Y-9 အမျိုးအစား ကင်းထောက်လေယာဉ်တစ်စီးသည် ဂျပန်နိုင်ငံ၏ Denjo ကျွန်းစုအပေါ်ရှိ လေပိုင်နက်အတွင်းသို့ ဖြတ်ကျော်ပျံသန်းခဲ့ကြောင်းသိရသည်။

ဂျပန်ကက်ဘိနက်အတွင်းဝန်က အဆိုပါလေပိုင်နက်ကို ကျော်လွန်ပျံသန်းမှုသည် လုံးဝလက်မခံနိုင်ကြောင်း ပြောဆိုခဲ့ပြီး ဂျပန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ တာဝန်ရှိသူများအား ခေါ်ယူ ကန့်ကွက်ခဲ့ကြောင်းသိရသည်။

တရုတ်၏ ကင်းထောက်လေယာဉ် ဖြတ်ကျော်ပျံသန်းမှုနှင့်ပတ်သက်ပြီး သတိပေးခြင်းများလုပ်ဆောင်ခဲ့သော်လည်း မီးကျည်ဖောက်ခြင်းများ လုပ်ဆောင်ခြင်းမရှိခဲ့ကြောင်းသိရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Lin Jian က ၎င်းတို့အနေဖြင့် မည်သည့် လေပိုင်နက်ကိုမျှ ကျူးကျော်ရန် ရည်ရွယ်ချက်မရှိကြောင်းနှင့် ဖြစ်စဉ်များအား ပိုမိုသိရှိရန် ကြိုးစားနေကြောင်း ပြန်လည်ဖြေရှင်းခဲ့သည်။

Telegram»…
https://t.me/positiveanglenews

PAN

AMK #SZ