စက်သုံးဆီအရောင်းဆိုင်များ သိုလှောင်မှုကို တိုးမြှင့်သတ်မှတ်ပေး


(ပြည်တွင်း)ဩဂုတ် ၂၇

စက်သုံးဆီအရောင်းဆိုင်တွေမှာ သိုလှောင်နိုင်တဲ့ ပမာဏကို ယခင်က အများဆုံး ဂါလန် ၇၆,၈၀၀ အထိသာ ခွင့်ပြုခဲ့ရာမှာ အခု ဂါလန် ၇၆,၈၀၀ ကျော်နဲ့အထက် စတင်သိုလှောင်ဖို့ တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၄၂၊ ပုဒ်မခွဲ(ခ)အရ အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဓာတ်ငွေ့ရည်(LPG)၊ သဘာဝဓာတ်ငွေ့(CNG) အပါအဝင် စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းရဲ့ ကနဦးပတ်ဝန်းကျင် ဆန်းစစ်တာ ဒါမှမဟုတ် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ချက်အရ ဂါလန် ၇၆,၈၀၀ ကျော်ကနေ စတင်သိုလှောင်နိုင်ဖို တိုးမြှင့်ပြင်ဆင်သတ်မှတ်လိုက်ခဲ့တာ ဖြစ်တယ်လို အမိန့်ကြော်ငြာစာအရ သိရပါတယ်။

အခုလို သိုလှောင်နိုင်တဲ့ပမာဏကို တိုးမြှင့်သတ်မှတ်ပေးလိုက်တာဟာ လုပ်ငန်းရှင်တွေရဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ချတဲ့အနေနဲ့ ဆောင်ရွက်ပေးတာ ဖြစ်တယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

SZ