MSME ချေးငွေ ကျပ်သန်း ၂၈၀ ထုတ်ချေးပေးမည်


(ပြည်တွင်း) သြဂုတ် ၂၆

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်းရှင် ၁၀ ယောက်အတွက် ချေးငွေကျပ်သန်း ၂၈၀ ကို ပထမအကြိမ်အဖြစ် ထုတ်ချေးပေးမည်ဖြစ်ကြောင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များ ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း က စက်မှုဝန်ကြီးဌာနအစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲတဲ့ MSME ချေးငွေနှင့်ဆီစက်လုပ်ငန်းများ ဖွံဖြိုးရေးချေးငွေ ဆိုင်ရာ ညှိနှိင်းအစည်းအဝေးမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီးက ပြောကြားချက်အရ MSME ဖွံဖြိုး တိုးတက်ရေးရန်ပုံငွေကို ထူထောင်ထားရာ နိုင်ငံတော်က မတည်ထောက်ပံ့ငွေ ကျပ်ဘီလီယံ ၁၇၀ ကို ရန်ပုံငွေစာရင်း မှာ ထည့်သွင်းထားပြီး ထိုရန်ပုံငွေများမှ ငွေကျပ်ဘီလီယံ ၁၅၀ ကို MSME ဖွံဖြိုးတိုးတက်ရေး ချေးငွေအဖြစ် ထုတ်ချေး ပေးသွားမည် ဖြစ်ကြောင်း သိရပါတယ်။

နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ဆီစက်လုပ်ငန်းရှင် ၃၁ ယောက်ကို ကျပ်သန်း ၃,၅၀၀ နီးပါးထုတ်ချေးပေးထား တယ်လို ပြောကြားခဲ့ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

SZ