EPS – TOPIK စာမေးပွဲအောင်မြင်ကာ အလုပ်လျှောက်လွှာသက်တမ်းကျန်ရှိနေသူများ သစ်တောလုပ်ငန်းသို ပြောင်းရွှေ့လျှောက်ထားနိုင်


(ပြည်တွင်း) ဩဂုတ် ၂၆

Employment Permit System EPS စနစ်ဖြင့် ၂၀၂၂ ခုနှစ် EPS-TOPIK စာမေးပွဲ (စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ငန်း) ဖြေဆိုအောင်မြင်၍ အလုပ်လျှောက်လွှာသက်တမ်းကျန်ရှိပြီး အလုပ်ရှင်နှင့် မိတ်ဆက်မခံရသေးသူများ သစ်တောလုပ်ငန်းသို ပြောင်းရွှေ့လျှောက်ထားနိုင်ကြောင်း POEA – EPS မှ အသိပေးကြေညာထားပါတယ်။

အထက်ပါ အသိပေးကြေညာချက်နှင့်အတူ HRD- Korea မှ ပေးပိုလာသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းမှ သစ်တောလုပ်ငန်းသို ပြောင်းရွှေ့လုပ်ကိုင်ခွင့်ရရှိသူ ၁,၃၆၆ ဦးရဲ့ အမည်စာရင်းနှင့် စာမေးပွဲခုံအမှတ်ကို ပူးတွဲကြေညာထားပါတယ်။

ဒါကြောင့် လုပ်ငန်းပြောင်းရွှေ့လျှောက်ထားလိုသူများက ဩဂုတ်လ ၂၇ ရက် နံနက် ၉ နာရီမှ မွန်းလွဲ ၃နာရီ အတွင်း POEA ရုံးသို့ ကာယကံရှင်ကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပြီး ရုံးသို လာရောက်လျှောက်ထားရာမှာ နိုင်ငံကူးလက်မှတ်(မူရင်းနှင့်မိတ္တူ) စာမေးပွဲဖြေဆိုခွင့်အမှတ်စဉ်တိုကို တင်ပြရမည်ဖြစ်ကြောင်းလည်း ဖော်ပြထား ပါတယ်။

စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းမှ သစ်တောလုပ်ငန်းသို ပြောင်းရွှေ့ခြင်းသည် အလုပ်အကိုင်ရရှိမည်ဟု အာမမခံပါကြောင်းနှင့် EPS စနစ်အရ အလုပ်ရှင်စိတ်ကြိုက်ရွေးချယ်ခြင်းသာဖြစ်ကြောင်းနှင့် သစ်တောလုပ်ငန်း အတွက် လုပ်သားအင်အား တန်းစီဇယားလုံလောက်ပါက မူလလုပ်ငန်းဖြစ်တဲ့ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းသို ပြန်လည်ပြောင်းရွှေ့ခွင့်ပြု ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA – EPS) မှ အသိပေး ထားပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

SZ