သပိတ်ကျင်း​မြို့အား သောင်းကျန်းသူများက သိမ်းပိုက်လိုက်ဟုဆို


(ပြည်တွင်း)ဩဂုတ် ၂၆

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်း​မြို့၊ မြို့ဦးတောင်တွင် အခြေပြုနေသော တပ်မတော်စစ်ကြောင်းအား ယနေ့နံနက်ပိုင်းအချိန်တွင် အကြမ်းဖက်သောင်းကျန်းသူ KIA နှင့် အကြမ်းဖက် PDF များက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် PDF အဖွဲ့၏ တိုက်ခိုက်မှုကြောင့်တပ်မတော်စစ်ကြောင်းမှာ ဆုတ်ခွာခဲ့ပြီး သပိတ်ကျင်းမြို့နယ်၊ (၄)မိုင်ကျေးရွာရှိ တာဝါတိုင်စခန်းသို့ သွားရောက်ပူးပေါင်းခဲ့ကြောင်း၊ မြို့ဦးတောင်စခန်းကျသွားပြီးနောက် အကြမ်းဖက်သောင်းကျန်းသူများမှာ သပိတ်ကျင်းမြို့အား သိမ်းပိုက်နိုင်ခဲ့သည့်ဟု သတင်းများ ထွက်ပေါ်လျက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

ZN #SZ