သက်လည်ကျေးရွာအုပ်ချုပ်ရေးမှုး သတ်ဖြတ်ပြီး သမီးနှစ်ဦးအားခေါ်ဆောင်သွားဟုဆို


(ပြည်တွင်း) သြဂုတ် ၂၆

မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ သက်လည်ကျေးရွာအုပ်ချုပ်ရေးမှူးအား PDF အကြမ်းဖက်သမားများမှ လာရောက်ပသ်ခတ်သတ်ဖြတ်သွားသည်ဟု နီးစပ်သည့်အသိုင်းအဝိုင်းများ၏ပြောဆိုချက်အရ သိရသည်။

ယမန်နေ့ ဩဂုတ်လ ၂၅ ရက်နေ့ ည ၈ နာရီခွဲချိန်ခန့်တွင် စေတုတ္တရာမြို့နယ် သက်လည်ကျေးရွာအုပ်ချုပ်ရေးမှုး အိမ်အနီးတွင် လက်နက်ငယ်အသံ ငါးချက်ခြောက်ချက်ခန့်ကြားရပြီး ငြိမ်သွားကြောင်းသိရှိရသည့်အတွက် စုံစမ်းမှုများပြုလုပ်ခဲ့ရာ PDF အကြမ်းဖက်သမားများမှ ကျေးရွာအုပ်ချုပ်ရေးမှူးအား လာရောက်ပစ်ခတ်သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

“သေနတ်သံတွေကြားတော့ ဘယ်သူမှအိမ်ပြင်မထွက်ရဲကြဘဲ ပုန်းနေရတယ်တဲ့ အုပ်ကြီးကိုလာပစ်သွားကြပြီး သူ့သမီးတွေကိုလည်းခေါ်သွားကြတယ်” ဟု အမည်မဖော်လိုသည့် သတင်းအရင်းအမြစ်တစ်ဦးမှပြောသည်။

PDF အကြမ်းဖက်များသည် သက်လည်ကျေးရွာအုပ်ချုပ်ရေးမှုးဦးသိန်းရွှေအားသတ်ခဲ့ပြီးသည့်နောက် သမီးနှစ်ယောက်အား ဖမ်းဆီးခေါ်ဆောင်ကာရွာအနောက်ဖက်သို့ထွက်ခွါသွားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMT #SZ