ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ငွေကျပ် ၄ ဒသမ ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ ဒသမ ၅ သိန်းနှင့် ကက်တမင်း ၄၂၇ ကီလို ဖမ်းဆီးရမိ

(ပြည်တွင်း) သြဂုတ် ၂၆

     မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ်လ ၂၂ ရက်နေ့ နံနက် ၁ နာရီအချိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ဟွေဟိ ကျေးရွာရှိ မအားမီ ၏ နေအိမ်ကို သတင်းအရရှာဖွေရာ နေအိမ်ရှေ့ခြံဝင်းအတွင်း ရပ်တန့်ထားသည့် MITSUBISHI  PAJERO မော်တော်ယာဉ်ပေါ်မှ  ဒေသကာလတန်ဖိုးငွေကျပ် ၄ ဒသမ ၁ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ ဒသမ ၅ သိန်းနှင့် စိတ်ပြောင်းဆေးဝါး ကက်တမင်း ၄၂၇ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

     အဆိုပါ ဖမ်းဆီးရမိ တရားခံအား ဥပဒေအရအရေး ယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

#PAN