ရုရှား၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ယူကရိန်းမြို့တော်တွင် လျှပ်စစ်ပြတ်တောက်


(နိုင်ငံတကာ) ဩဂုတ် ၂၆

ရုရှားစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ယူကရိန်းမြို့တော် ကိယက်ဗ်မြို့ နေရာအချို့တွင် လျှပ်စစ်မီးနှင့် ရေများ ပြတ်တောက်သွားခဲ့ကြောင်း သိရသည်။

ကိဗ်ယက်မြို့တော်ဝန် Vitali Klitschko က အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ၎င်း၏ တယ်လီဂရမ်စာမျက်နှာတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

လေကြောင်းတိုက်ခိုက်မှုတွင် ယူကရိန်း၏ အကြီးဆုံး ပုဂ္ဂလိက စွမ်းအင်ထုတ်လုပ်သည့် DTEK ကုမ္ပဏီကလည်း အရေးပေါ် ဓာတ်အားပြတ်တောက်မှုဖြစ်ပေါ်ခဲ့ကြောင်း ကုမ္ပဏီပိုင် X လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထုတ်ပြန်ခဲ့သည်။

Telegram»…
https://t.me/positiveanglenews

PAN

AMK #SZ