ပေါ့ဆမီးကြောင့် ဒေါပုံက နေအိမ်တစ်လုံး မီးလောင်မှုဖြစ်

************************

(ပြည်တွင်း) သြဂုတ် ၂၆

ရန်ကုန်တိုင်းဒသကြီး ဒေါပုံမြို့နယ်တွင် ယမန်နေ့ သြဂုတ် ၂၅ ရက်နေ့ ည ၈ နာရီခွဲအချိန်ခန့်တွင် ပေါ့ဆမီးကြောင့် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ဆေးစက်ရပ်ကွက် သခင်မြ ၂လမ်း ၂ထပ်တိုက် လုံးချင်းအိမ် ဖယောင်းတိုင်မီးထွန်းထားရာက စတင်လောင်ကျွမ်းမှုဖြစ်တယ်လို့သိရတယ်။ အိမ်ရှင် ဒေါ်ကြည်ခိုင်ရပ်ကွက်အတွင်း စျေးဝယ်ထွက်နေချိန်မှာလောင်ကျွမ်းမူဖြစ်ပွားခဲ့တာလို့လည်းကြားတယ်ဗျ” ဟု ရပ်ကွက်နေသူတစ်ဦးမှ ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ ဆေးစက်ရပ်ကွက်၊ သခင်မြ(၂)လမ်း မီးလောင်မှုသတင်းရရှိသဖြင့် ဒေါပုံမြို့နယ် မီးသတ်စခန်းမှ Level 1 ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ည ၈ နာရီ ၄၄ မိနစ်အချိန်တွင် မီးငြိမ်းကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMT #SZ