စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းထပ်မံတိုးမြင့်လာ


(ပြည်တွင်း) ဩဂုတ် ၂၆

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေနဲ့ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို တစ်ပတ်တစ်ကြိမ် ထုတ်ပြန်ပေး လျက်ရှိပြီး ယခုတစ်ပတ်အတွက် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ ငွေကျပ် ၆,၃၇၅ ကျပ် ဖြစ်ကြောင်း ဩဂုတ်လ ၂၆ ရက်(ယနေ့)မှာ ထုတ်ပြန်ပါတယ်။

အဆိုပါ ရည်ညွှန်းဈေးကို စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၈ ရက်က စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာမှာ ငွေကျပ် ၆,၁၇၀ ရှိခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းဟာ ယခင် တစ်ပတ်ကထက် ၂၀၀ ကျပ်တိုးလာခဲ့တာဖြစ်ပြီး စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ဇူလိုင်လ ပထမအပတ်ကနေ စတင်ပြီး စားအုန်းဆီလက်ကားဈေးနှုန်း တိုးမြင့်လာခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန် ပြည်သူများအဆင်ပြေစေရန်အတွက် ဆီလုပ်ငန်းရှင်များအသင်းမှ မြို့နယ်အလိုက်ရောင်းချ ပေးလျက်ရှိသည့်အပြင် အိမ်ရောက်ငွေချေစနစ်နဲ့လည်း ရောင်းချပေးနေတာ ဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

SZ