AIIB ဘဏ်က ပထမဆုံးသော ဒစ်ဂျစ်တယ်ငွေတိုက်စာချုပ်ကို ထုတ်ဝေ

(နိုင်ငံတကာ)သြဂုတ် ၂၅
အာရှအခြေခံအဆောက်အအုံရင်းနှီး မြှုပ်နှံမှုဘဏ်က ၎င်းတို့၏ ပထမဆုံးသော ဒစ်ဂျစ်တယ် ငွေတိုက်စာချုပ်များကို ထုတ်ဝေလိုက်ကြောင်း သိရသည်။

ဩဂုတ္လ ၂၃ ရက်တွင်ထုတ်ဝေလိုက် သည့် အဆိုပါဒစ်ဂျစ်တယ်ငွေတိုက်စာချုပ် များ၏တန်ဖိုးသည် အမေရိကန်ဒေါ်လာ သန်း ၃၀၀ တန်ဖိုးရှိကြောင်း Euroclear ကထုတ်ပြန်ထားသည်။

ယခုကဲ့သို့ထုတ်ဝေမှုသည် Euroclear အတွက် ဒေါ်လာဖြင့်သတ်မှတ်အမည်ပေး ထားသည့် ဒစ်ဂျစ်တယ် ငွေတိုက်စာချုပ် ပထမဆုံး ထုတ်ဝေမှုဖြစ်သည်သာမက အာရှဒေသအတွက်လည်း ကိုယ်ပိုင်လယ် ဂျာနည်းပညာအသုံးပြု ပထမဆုံးထုတ်ဝေမှု ဖြစ်သည်။

ဒစ်ဂျစ်တယ် ငွေတိုက်စာချုပ်များ ဆိုသည်မှာ ာ ဘလော့ချိန်းတစ်ခုပေါ်တွင် သို့မဟုတ် ဖြန့်ဝေထားသော လယ်ဂျာစနစ် တွင်   ထုတ်ဝေသည့်   ငွေချေးပေးမှုသက်သေခံလက်မှတ်တစ်မျိုးဖြစ်သည်။

အဆိုပါဒစ်ဂျစ်တယ်ငွေတိုက်စာချုပ် များကို Moody’s၊ Standard & Poor’s နှင့် Fitch Rating တို့က AAA အဆင့် သတ်မှတ်ပေးထားကြောင်း ဘဏ်၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

#PAN