“ရုရှားနှင့်ကရိန်းတို့က စစ်သုံ့ပန်း ၁၁၅ ဦးစီကိုလဲလှယ်”



 (နိုင်ငံတကာ)သြဂုတ် ၂၅
ခု(စ်)ဒေသစစ်ဆင်ရေးတွင် အဖမ်းခံရသော ရုရှားနှင့်ယူကရိန်းတို့မှ စစ်သုံ့ပန်း ၁၁၅ ဦးစီကို လဲလှယ် လိုက်ပြီဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
  ထိုစစ်ဆင်ရေးတွင် ယူကရိန်းတို့၏ ဖမ်းဆီးခြင်းခံရသော ရုရှားစစ်သည်များ ပြန်လွတ်လာပြီဖြစ်ကြောင်း နှင့် အပြန်အလှန်အားဖြင့် ရုရှားကဖမ်းထားသော ယူကရိန်းစစ်သည် ၁၁၅ ဦးကိုလည်း ပြန်လည်လွှဲပြောင်း ပေးလိုက်ကြောင်း ဝန်ကြီးဌာန၏ ဩဂုတ်လ ၂၄ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
  ပြန်လွတ်လာသော ရုရှားစစ်သည်များအနေဖြင့် လက်ရှိတွင် ဘယ်လာရုစ်နိုင်ငံတွင်သာ ရှိနေကြောင်းနှင့် စိတ်ပိုင်းဆိုင်ရာနှင့်ဆေးကုသမှုဆိုင်ရာ အကူအညီများပေးထားကြောင်း ထုတ်ပြန်ချက်၌ ဆက်လက်ဖော်ပြထား သည်။
  ယခုကဲ့သို့ စစ်သုံ့ပန်းလဲလှယ်ရေးအတွက် ယူအေအီးနိုင်ငံက ကြားဝင်စေ့စပ်ပေးမှုများ လုပ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#PAN