မကြာခင်မှာ မက်ဆီ ပြန်ကစားနိုင်တော့မှာဖြစ် ကြောင်း နည်းပြ မာတီနို ပြော

သြဂုတ် ၂၅

     တိုက်စစ်မှူး မက်ဆီ အနေနဲ့ မကြာခင်မှာ အသင်းနဲ့ပူးပေါင်းနိုင်မှာဖြစ်တယ်လို့ အင်တာမိုင်ယာမီအသင်းနည်းပြ မာတီနို က ပြောကြားခဲ့ပါတယ်။ မက်ဆီ ဟာ ဇူလိုင်လ ၁၄ ရက်မှာ ကစားခဲ့တဲ့ ကိုပါအမေရိကဗိုလ် လုပွဲမှာ ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့ပြီးနောက်ပိုင်း အင်တာမိုင်ယာမီအသင်းနဲ့အတူ ပြန်လည်ပူးပေါင်းနိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။

      အင်တာမိုင်ယာမီအသင်းရဲ့ ၂၀၂၄ လိဂ်ဖလားပြိုင်ပွဲ ပွဲစဉ်တွေကို လွဲချော်ခဲ့ရတဲ့ မက်ဆီ ဟာ လိဂ်ဖလားပြိုင်ပွဲအပြီး ကစားခဲ့တဲ့ မေဂျာလိဂ်ပွဲစဉ်တွေမှာလည်း မပါဝင်နိုင်ခြင်း မရှိသေးတာဖြစ်ပါတယ်။ ဒါ့အပြင် စက်တင်ဘာလထဲမှာ ကစားရမယ့် အာဂျင်တီးနားအသင်းရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် လူစာရင်းမှာလည်း မက်ဆီ ကို ချန်လှပ် ထားခဲ့ပါတယ်။

      မက်ဆီ ရဲ့ ခြေကျင်းဝတ်ဒဏ်ရာက မျှော်လင့်ထားတာထက် ပိုပြီးဆိုးရွားတဲ့အတွက် အနားယူချိန် ပိုမိုကြာမြင့် ခဲ့ပေမယ့် မေဂျာလိဂ်ရာသီ မကုန်ခင်မှာတော့ မက်ဆီပြန်ကစားနိုင်မှာဖြစ်တယ်လို့ နည်းပြ မာတီနို က ပြောခဲ့ပါတယ်။

     မက်ဆီအနေနဲ့ အောက်တိုဘာလကုန်ပိုင်းမှာအသင်းအတွက် ပြန်ကစားနိုင်ဖွယ် ရှိနေတယ်လို့လည်း မာတီနို က ခန့်မှန်းသွားခဲ့ပြီး အသင်းဆေးအဖွဲ့အနေနဲ့ မက်ဆီ ရဲ့ဒဏ်ရာကို အနီးကပ်စောင့်ကြည့်ကာ လိုအပ်တဲ့ကုသမှုတွေ ပြုလုပ်ပေးနေတယ်လို့ ပြောခဲ့ပါတယ်။

#PAN