အူပ်စုအုပ်ချုပ်ရေးမှူးအား ရှာမတွေ့သဖြင့် အုပ်ချုပ်ရေးမှူးပိုင် ကားအား အကြမ်းဖက် PDF အဖွဲ့ သိမ်းယူ


(ပြည်တွင်း) ဩဂုတ် ၂၄

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ထန်းခွကျေးရွာအတွင်းသို့ ယနေ့နံနက် ၁၁ နာရီခွဲအချိန်ခန့်က အကြမ်းဖက် PDF အင်အား ၅၀ ခန့် လက်နက်များ ကိုင်ဆောင်ကာ ခြေလျင်ဝင်ရောက် လာပြီး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးအား နေအိမ်အတွင်း ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် PDF အဖွဲ့ ဝင်ရောက်ရှာဖွေခဲ့သည့် ဦးညိုလုံးနှင့် မိသားစုမှာ အခြားသို့ ရှောင်တိမ်းနေသဖြင့် တွေ့ရှိသွားခြင်းမရှိဘဲ အကြမ်းဖက် PDF များက ဦးညိုလုံး၏ နေအိမ်မှ လိုက်ထရပ်ယာဥ်အား ယူဆောင်ကာ ပဲချက်ကျေးရွာဘက်သို့ ထွက်သွားကြောင်း၊ဖြစ်စဥ်ဖြစ်ပွားရာသို့ တပ်မတော်စစ်ကြောင်းမှ ရောက်ရှိပြီး အကြမ်းဖက် PDF များအား လိုက်လံ ရှင်းလင်းလျက်ရှိကြောင်း သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN

ZN #SZ