အိန္ဒိယဝန်ကြီးချုပ် မိုဒီ ယူကရိန်းသမ္မတနှင့်တွေ့ဆုံ


(နိုင်ငံတကာ) ဩဂုတ် ၂၄

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ က ၎င်း၏ဥရောပခရီးစဉ်အတွင်း ယူကရိန်းသမ္မတ ဇီလန်စကီးနှင့် ဩဂုတ်လ ၂၃ ရက်တွင် တွေ့ဆုံကြောင်းသိရသည်။

မိုဒီ ၏ ယူကရိန်းခရီးစဉ်သည် နှစ်နိုင်ငံကြား စီးပွားဆက်ဆံရေး၊ ကာကွယ်ရေး၊ သိပ္ပံနှင့် နည်းပညာ နယ်ပယ်တို၌ ပူးပေါင်းဆောင်ရွက်ရေးတိုကို အဓိကထားသည်ဟု နှစ်နိုင်ငံတာဝန်ရှိသူများက ထုတ်ပြန်ထားသည်။

သိုသော် မိုဒီ ၏ ယခုခရီးစဉ်သည် အိန္ဒိယနိုင်ငံအနေဖြင့် နိုင်ငံခြားဆက်ဆံရေးတွင် ဘက်မလိုက်မူဝါဒကို ဆက်လက် ဆုပ်ကိုင်ထားကြောင်း ပြသလိုသည့် သဘောတွေ့ရကြောင်း လေ့လာသူများက ပြောသည်။

မိုဒီ အနေဖြင့် တတိယအဆက်ဝန်ကြီးချုပ်ရာထူးကို ရရှိပြီးနောက် ပထမဆုံးနိုင်ငံတော်အဆင့် ပြည်ပခရီးစဉ် အဖြစ် ရုရှားနိုင်ငံသို သွားခဲ့မှုအပေါ် နိုင်ငံတကာ လေ့လာသူများက ဝေဖန်ခဲ့ပြီးနောက် ယူကရိန်းခရီးစဉ် ထွက်ပေါ် လာခြင်းဖြစ်သည်။

ထို့ပြင် ရုရှားနှင့်ယူကရိန်းတိုအနေဖြင့် ဆွေးနွေးမှုနှင့် သံတမန်ရေးတိုမှတစ်ဆင့် ပဋိပက္ခများကို ချုပ်ငြိမ်းစေရေး ကြိုးပမ်းဆောင်ရွက်ရန် မိုဒီ က အကြိမ်ကြိမ် တိုက်တွန်းထားသည်။

ယခု မိုဒီ ၏ ယူကရိန်းခရီးစဉ်သည် နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးထူထောင်ပြီးနောက် နှစ်ပေါင်း ၃၀ အတွင်း အိန္ဒိယဝန်ကြီးချုပ်တစ်ဦး၏ ပထမဆုံး ယူကရိန်းခရီးစဉ်ဖြစ်ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ