အသင်းအပေါ်ကို စိတ်ရှည်ပေးဖို့ ပြောခဲ့တဲ့ တန်ဟတ်

သြဂုတ် ၂၄

       မန်ယူအသင်း နည်းပြတန်ဟတ် က လက်ရှိရာသီမှာ အသင်းရဲ့အပြောင်းအရွှေ့တွေအပေါ် စိတ်ရှည်ပေးဖို့ ဩဂုတ်လ ၂၂ ရက်က တောင်းဆိုသွားခဲ့ပါတယ်။ မန်ယူအသင်းဟာ ရာသီသစ်အတွက် ပြင်ဆင်မှုတွေပြုလုပ်နေပြီး ယိုရို၊ ဇက်ဇီးအပြင် ဒီလစ်ချ်၊ မာဇရာဝီတို့ကို ခေါ်ယူထားခဲ့တာပါ။

      နောက်ဆုံးအနေနဲ့ မန်ယူအသင်းနဲ့ ပီအက်စ်ဂျီကွင်းလယ်လူ အူဂါတေး တို့ရဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေခဲ့ပေမယ့် နည်းပြ တန်ဟတ် က အသင်းရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး စိတ်ရှည်ကြဖို့ပြောခဲ့တာ ဖြစ်ပါတယ်။

     အခုအချိန်မှာ ပြောလို့မရသေးပေမယ့် အသင်းကအကောင်းဆုံး လုပ်ဆောင်နေတဲ့အတွက် စောင့်ကြည့် ပေးကြဖို့ နည်းပြ တန်ဟတ် က ပြောကြားသွားခဲ့ပါတယ်။ မန်ယူအသင်းဟာ အခုရာသီ ဖူလ်ဟမ်အသင်းနဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ အနိုင်ရခဲ့သလို လာမယ့်ဩဂုတ်လ ၂၄ ရက်မှာ ဘရိုက်တန်အသင်းနဲ့ ကစားသွားရမှာ ဖြစ်ပါတယ်။

#PAN