အကြမ်းဖက်အဖွဲ့ ပစ်ခတ်သော ရှော့တိုက်ဒုံး ဆိုင်ကယ်ပြင်ဆိုင်ရှေ့ ကျရောက်ပေါက်ကွဲ


(ပြည်တွင်း) ဩဂုတ် ၂၄

ယနေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ရှိ အမြောက်တပ်- ၃၁၀ နှင့် ခြေမြန်တပ်ရင်း-၂၀၇ တို့ကို သောင်းကြမ်းသူ အကြမ်းဖက်(စိစစ်ဆဲ)အဖွဲ့မှ ရှော့တိုက်ဒုံးဖြင့်လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

သောင်းကြမ်းသူအဖွဲ့မှ ထိုသို့ပစ်ခတ်ရာ သုံးခွကျေးရွာအုပ်စု၊ ဝါးဒတ်ကွင်းကျေးရွာ ဆိုင်းဘုတ်အနီးသို့ ကျရောက်ပေါက်ကွဲခဲ့ရာ ၎င်းနေရာအနီးရှိ ဆိုင်ကယ်ပြင်ဆိုင်မှ ဦးချမ်းမြေ့၊ အသက် ၂၅ နှစ်၊ (ဘ)ဦးခင်စိုးသည် ဝမ်းဗိုက်အစထိမှန်ဒါဏ်ရာတစ်ချက်၊ ယာလက်မောင်း အစထိမှန်ဒါဏ်ရာတစ်ချက်ရရှိခဲ့သဖြင့် သိမ်ဇရပ်တိုက်နယ် ဆေးရုံသို့ ပို့ဆောင်ကုသလျှက်ရှိကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

GE #SZ